16. လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
17. လေအာသည်မျက်လုံးမျက်ဖန်လှ၏။ ရာခေလ မူကားကိုယ်လုံးကိုယ်ပေါက်လှ၍ရှုချင်ဖွယ် ကောင်း၏။
18. ယာကုပ်သည်ရာခေလကိုချစ်သဖြင့်``ရာခေလ နှင့်ထိမ်းမြားပေးမည်ဆိုလျှင်ဦးရီးထံ၌ခုနစ် နှစ်အလုပ်လုပ်ပေးပါမည်'' ဟုပြောလေ၏။
19. လာဗန်က``ရာခေလအားအခြားသူတစ်ယောက် နှင့်ပေးစားရသည်ထက် သင်နှင့်ပေးစားရသည် ကပို၍သင့်မြတ်ပါမည်။ ငါနှင့်အတူနေလော့'' ဟုဖြေကြားလေသည်။-
20. ယာကုပ်သည်ရာခေလကိုထိမ်းမြားနိုင်ရန်ခုနစ် နှစ်အလုပ်လုပ်၏။ သူသည်ရာခေလကိုချစ်သော ကြောင့်ထိုမျှသောကာလကိုတိုတောင်းသော အချိန်ဟူ၍ထင်မှတ်လေသည်။
21. ယာကုပ်က``အချိန်စေ့ပါပြီ။ ဦးရီး၏သမီး နှင့်လက်ထပ်ခွင့်ပေးပါ'' ဟုလာဗန်အားပြော လေ၏။-
22. ထို့ကြောင့်လာဗန်သည်လက်ထပ်မင်္ဂလာဧည့်ခံပွဲ ကိုကျင်းပ၍ ထိုပွဲသို့လူတိုင်းအားဖိတ်ကြား လေသည်။-
23. ထိုနေ့ည၌လာဗန်သည်ရာခေလအစားလေအာ ကို ယာကုပ်ထံသို့ပို့သဖြင့်သူသည်လေအာနှင့် အိပ်လေ၏။-
24. (လာဗန်သည်မိမိ၏ကျွန်မဇိလပကိုလေအာ ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
25. မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
26. ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။-
27. သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။
28. ယာကုပ်သည် သဘောတူလက်ခံလေ၏။ မင်္ဂလာပွဲ ရက်သတ္တပတ်ကုန်ဆုံးသောအခါ လာဗန်သည် သမီးရာခေလကို ယာကုပ်နှင့်ပေးစား၏။-