1. ယာကုပ်သည်အရှေ့ပြည်သို့ရှေ့ရှု၍ခရီးဆက် ခဲ့လေသည်။-
2. ထိုပြည်သို့ရောက်သောအခါလယ်ကွင်းထဲ၌သိုး စုသုံးစုဝိုင်းရံလျက်ရှိသောရေတွင်းတစ်တွင်းကို မြင်ရလေသည်။ ထိုသို့ဝိုင်းရံရခြင်းမှာသိုးစုများ ကိုထိုရေတွင်းမှရေတိုက်ရခြင်းကြောင့်ဖြစ်၏။ ရေ တွင်းအဝကိုကျောက်တုံးကြီးဖြင့်ပိတ်ထားသည်။-
3. သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။