1. ထိုအခါဣဇာက်သည်ယာကုပ်ကိုခေါ်ပြီး လျှင်``သင်သည်ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်မပြုရ။-
2. သင်၏အဖိုးဗေသွေလနေထိုင်ရာမက်ဆိုပို တေးမီးယားပြည်သို့ယခုသွားလော့။ သင့်ဦး လေးလာဗန်၏သမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုလော့။-
3. အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
4. ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။-
5. ဣဇာက်သည်ရှုရိအမျိုးသားဗေသွေလ ၏သားလာဗန် နေထိုင်ရာပါဒနာရံပြည် သို့ယာကုပ်ကိုစေလွှတ်၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္က၏ မောင်ဖြစ်သတည်း။
6. ဣဇာက်ကယာကုပ်အားကောင်းချီးပေး၍မယား ရှာရန် ပါဒနာရံပြည်သို့စေလွှတ်လိုက်ကြောင်း ကိုလည်းကောင်း၊ ထိုသို့ယာကုပ်အားကောင်းချီး ပေးစဉ်ခါနာန်အမျိုးသမီးနှင့်အိမ်ထောင် မပြုရဟူ၍မှာကြားကြောင်း၊-
7. ယာကုပ်သည်မိဘတို့၏စကားကိုနားထောင်၍ ပါဒနာရံပြည်သို့သွားပြီဖြစ်ကြောင်းကို ဧသောသိရှိလေ၏။-
8. ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊-
9. အာဗြဟံ၏သားဣရှမေလထံသို့သွားပြီး လျှင် သူ၏သမီးမဟာလတ်နှင့်အိမ်ထောင်ပြု လေသည်။ မဟာလတ်သည်ကားနဗာယုတ်၏ နှမဖြစ်သတည်း။
10. ယာကုပ်သည်ဗေရရှေဘအရပ်မှခါရန် မြို့သို့ခရီးထွက်ခဲ့လေသည်။-
11. နေဝင်ချိန်၌သူသည်တစ်နေရာသို့ရောက် ရှိ၍ခရီးတစ်ထောက်နားလေသည်။ သူသည် ကျောက်တုံးတစ်တုံးကိုခေါင်းအုံး၍အိပ်သည်။-
12. ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
13. ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
14. သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-