9. ဆိတ်အုပ်ရှိရာသို့သွားပြီးလျှင် ဆူဖြိုးသော ဆိတ်ငယ်နှစ်ကောင်ကိုရွေးယူခဲ့လော့။ ငါသည် သင့်ဖခင်ကြိုက်နှစ်သက်သောဟင်းကိုချက် ပေးမည်။-
10. ထိုအမဲဟင်းကိုသူ့ထံသို့ယူသွားလော့။ သူ မသေမီ သင့်အားကောင်းချီးပေးလိမ့်မည်'' ဟု ဆိုလေ၏။
11. ယာကုပ်က``အစ်ကိုဧသောသည်အမွေးထူ သောသူဖြစ်ပြီး ကျွန်တော်မှာအသားအရေ ချောမွတ်သူဖြစ်ပါ၏။-
12. ဖခင်ကကျွန်တော်အားစမ်းသပ်ကြည့်မိ၍ သူ့အားလှည့်ဖြားကြောင်းသိလျှင် ကျွန်တော် ကောင်းချီးမင်္ဂလာကိုခံရမည့်အစားကျိန် စာသင့်ခြင်းကိုခံရပါမည်'' ဟုမိခင်အား ပြန်ပြောလေ၏။
13. ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။-