ကမ္ဘာ​ဦး 27:37-41 Common Language Bible (BCL)

37. ဣ​ဇာက်​က``ငါ​သည်​သူ့​အား​သင်​၏​အ​ရှင်​သ​ခင် ဖြစ်​စေ​ပြီ။ ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို လည်း​သူ​၏​အ​စေ​ကို​ခံ​စေ​ပြီ။ သူ့​အား​ကောက်​ပဲ သီး​နှံ​နှင့်​စ​ပျစ်​ရည်​တို့​ဖြင့်​ကြွယ်​ဝ​ပြည့်​စုံ​စေ ပြီ။ သို့​ဖြစ်​လျှင်​ငါ့​သား​သင့်​အ​တွက်​မည်​သို့ ဆောင်​ရွက်​ပေး​နိုင်​ပါ​သ​နည်း'' ဟု​ပြန်​ဖြေ​လေ ၏။

38. ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။

39. ထို​အ​ခါ​ဣ​ဇာက်​က၊``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။

40. သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။

41. ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။

ကမ္ဘာ​ဦး 27