ကမ္ဘာ​ဦး 27:35-46 Common Language Bible (BCL)

35. ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။

36. ဧ​သော​က``သူ​သည်​ကျွန်​တော်​အား​နှစ်​ကြိမ်​တိုင် တိုင်​ယာ​ကုပ်​ဟူ​သော​နာ​မည်​နှင့်​လိုက်​အောင်​လှည့် စား​ခဲ့​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​၏​သား​ဦး​အ​ရာ ကို​တစ်​ကြိမ်၊ ယ​ခု​တစ်​ဖန်​ကျွန်​တော်​ခံ​စား​ရ မည့်​ကောင်း​ချီး​ကို​တစ်​ကြိမ်​ယူ​သွား​ပါ​ပြီ။ ကျွန်​တော်​အ​ဖို့​ကောင်း​ချီး​တစ်​ပါး​ပါး​မ​ကျန် ပါ​သ​လော'' ဟု​ဖ​ခင်​အား​မေး​လေ​၏။

37. ဣ​ဇာက်​က``ငါ​သည်​သူ့​အား​သင်​၏​အ​ရှင်​သ​ခင် ဖြစ်​စေ​ပြီ။ ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို လည်း​သူ​၏​အ​စေ​ကို​ခံ​စေ​ပြီ။ သူ့​အား​ကောက်​ပဲ သီး​နှံ​နှင့်​စ​ပျစ်​ရည်​တို့​ဖြင့်​ကြွယ်​ဝ​ပြည့်​စုံ​စေ ပြီ။ သို့​ဖြစ်​လျှင်​ငါ့​သား​သင့်​အ​တွက်​မည်​သို့ ဆောင်​ရွက်​ပေး​နိုင်​ပါ​သ​နည်း'' ဟု​ပြန်​ဖြေ​လေ ၏။

38. ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။

39. ထို​အ​ခါ​ဣ​ဇာက်​က၊``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။

40. သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။

41. ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။

42. ရေ​ဗက္က​သည်​ဧ​သော​၏​အ​ကြံ​ကို​ကြား​သိ​ရ သ​ဖြင့် ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အစ်​ကို​ဧ​သော သည်​သင့်​အား​လက်​စား​ချေ​သတ်​ပစ်​ရန်​အ​ကြံ ထုတ်​လျက်​ရှိ​သည်။-

43. ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-

44. သင်​၏​အစ်​ကို​စိတ်​ပြေ​၍​သင်​သူ့​အား​ပြု​မိ သ​မျှ​ကို​မေ့​ပျောက်​သည့်​အ​ချိန်​အ​ထိ​သူ့​ထံ ၌​ခေတ္တ​တည်း​ခို​နေ​ထိုင်​လော့။-

45. ထို​အ​ချိန်​ရောက်​လျှင်​ငါ​သည်​သင့်​ထံ​သို့​လူ စေ​လွှတ်​၍​ပြန်​လည်​ခေါ်​ဆောင်​မည်။ ငါ​သည် တစ်​နေ့​ချင်း​တွင်​သား​နှစ်​ယောက်​စ​လုံး​ကို အ​ဆုံး​မ​ခံ​နိုင်'' ဟု​ဆို​လေ​၏။

46. ရေ​ဗက္က​က​ဣ​ဇာက်​အား``ကျွန်​မ​သည်​ဧ​သော​၏ အ​မျိုး​ချင်း​မ​တူ​သော​မ​ယား​များ​ကြောင့် သေ ချင်​အောင်​စိတ်​ညစ်​ရ​သည်။ အ​ကယ်​၍​ယာ​ကုပ် သည်​ဤ​အ​ရပ်​၌​ရှိ​သော ဟိတ္တိ​အ​မျိုး​သ​မီး တစ်​ဦး​ဦး​နှင့်​အိမ်​ထောင်​ကျ​မည်​ဆို​လျှင် ကျွန်​မ​အ​သက်​ရှင်​မ​နေ​နိုင်​တော့​ပါ'' ဟု ပြော​လေ​၏။

ကမ္ဘာ​ဦး 27