ကမ္ဘာ​ဦး 27:30-34 Common Language Bible (BCL)

30. ဣ​ဇာက်​သည်​ယာ​ကုပ်​အား​ကောင်း​ချီး​ပေး​ပြီး​၍ ဖ​ခင်​ထံ​မှ​ယာ​ကုပ်​ထွက်​သွား​သည့်​ခ​ဏ​အ​တွင်း သူ​၏​အစ်​ကို​ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ ပြန်​ရောက်​လာ​၏။-

31. သူ​သည်​လည်း​စား​ဖွယ်​ကောင်း​သော​အမဲ​ဟင်း​လျာ ကို​ချက်​ပြီး​လျှင်​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​လေ​သည်။ ထို​နောက်``အ​ဖ၊ ကျွန်​တော်​ယူ​ခဲ့​သော​အ​မဲ ဟင်း​ကို​ထ​၍​သုံး​ဆောင်​ပါ။ သုံး​ဆောင်​ပြီး လျှင်​ကျွန်​တော်​အား​ကောင်း​ချီး​ပေး​ပါ'' ဟု ဆို​လေ​၏။

32. ဣ​ဇာက်​က``သင်​မည်​သူ​နည်း'' ဟု​မေး​၏။ဧ​သော​က``ကျွန်​တော်​သည်​ဖ​ခင်​၏​သား​ကြီး ဧ​သော​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။

33. ထို​အ​ခါ​ဣ​ဇာက်​သည်​တစ်​ကိုယ်​လုံး​ဆတ်​ဆတ် တုန်​လျက်``အ​မဲ​ကောင်​ကို​ရ​၍​ငါ့​ထံ​သို့​ဟင်း ယူ​ခဲ့​သူ​ကား​မည်​သူ​နည်း။ သင်​မ​ရောက်​မီ​ငါ သည်​ဟင်း​ကို​စား​ပြီး​ပြီ။ ထို​သူ​အား​လည်း ကောင်း​ချီး​ပေး​ခဲ့​ပြီ။ ငါ​ကောင်း​ချီး​ပေး​ခဲ့ သည့်​အ​တိုင်း​သူ​ခံ​စား​ရ​မည်'' ဟု​ဆို​လေ သည်။

34. ဧ​သော​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင်​မ​ခံ မ​ရပ်​နိုင်​အောင်​ခံ​စား​ရ​သ​ဖြင့်``အို အ​ဖ၊ ကျွန်​တော့် အား​လည်း​ကောင်း​ချီး​ပေး​ပါ​ဦး'' ဟု​အ​သံ​ကျယ် စွာ​အော်​ဟစ်​တောင်း​ပန်​လေ​၏။

ကမ္ဘာ​ဦး 27