ကမ္ဘာ​ဦး 27:27-29 Common Language Bible (BCL)

27. ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-

28. ဘု​ရား​သ​ခင်​သည်​သင့်​အား​မိုး​ကောင်း​ကင်​မှ နှင်း​ကို​ပေး​တော်​မူ​၍ သင်​၏​လယ်​များ​ကို​မြေ သြ​ဇာ​ထက်​သန်​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော် သည်​သင့်​အား​ကောက်​ပဲ​သီး​နှံ​နှင့်​စ​ပျစ်​ရည် များ​စွာ​ပေး​သ​နား​တော်​မူ​စေ​သ​တည်း။-

29. တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။

ကမ္ဘာ​ဦး 27