13. ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။-
14. ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။-
15. ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။-
16. သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။-
17. ထိုနောက်ချက်ပြီးသောအမဲဟင်းနှင့်ဖုတ် ထားသောမုန့်တို့ကိုယာကုပ်အားပေး၏။
18. ယာကုပ်သည်သူ၏ဖခင်ထံသို့သွား၍``အဖ'' ဟုခေါ်လျှင်၊ဣဇာက်က``သား'' ဟုထူးပြီးလျှင်``သားကြီး လော၊ သားငယ်လော'' ဟုမေးလေ၏။