ကမ္ဘာ​ဦး 27:12-17 Common Language Bible (BCL)

12. ဖ​ခင်​က​ကျွန်​တော်​အား​စမ်း​သပ်​ကြည့်​မိ​၍ သူ့​အား​လှည့်​ဖြား​ကြောင်း​သိ​လျှင် ကျွန်​တော် ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​ရ​မည့်​အ​စား​ကျိန် စာ​သင့်​ခြင်း​ကို​ခံ​ရ​ပါ​မည်'' ဟု​မိ​ခင်​အား ပြန်​ပြော​လေ​၏။

13. ငါ့​သား၊ သင်​ခံ​ရ​မည့်​ကျိန်​စာ​သင့်​ခြင်း​ကို ငါ​ခံ​ရ​ပါ​စေ။ ငါ​ပြော​သည့်​အ​တိုင်း​ဆိတ် များ​ကို​သာ​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ'' ဟု​မိခင် က​ဆို​လေ​၏။-

14. ယာ​ကုပ်​သည်​သွား​၍​ဆိတ်​များ​ကို​မိ​ခင်​ထံ​သို့ ယူ​ဆောင်​ခဲ့​သ​ဖြင့် ရေ​ဗက္က​သည်​ဣ​ဇာက်​ကြိုက် နှစ်​သက်​သော​အ​မဲ​ဟင်း​ကို​ချက်​လေ​သည်။-

15. ထို​နောက်​သူ​သည်​မိ​မိ​အိမ်​တွင်​သိမ်း​ဆည်း ထား​သော​ဧ​သော​၏​အ​ကောင်း​ဆုံး​အ​ဝတ် ကို​ယာ​ကုပ်​အား​ဝတ်​ဆင်​ပေး​၏။-

16. သူ​၏​လက်​မောင်း​များ​နှင့်​အ​မွေး​မ​ပေါက်​သော လည်​ပင်း​တို့​တွင်​ဆိတ်​သား​ရေ​ကို​ပတ်​စည်း ပေး​၏။-

17. ထို​နောက်​ချက်​ပြီး​သော​အ​မဲ​ဟင်း​နှင့်​ဖုတ် ထား​သော​မုန့်​တို့​ကို​ယာ​ကုပ်​အား​ပေး​၏။

ကမ္ဘာ​ဦး 27