10. ထိုအမဲဟင်းကိုသူ့ထံသို့ယူသွားလော့။ သူ မသေမီ သင့်အားကောင်းချီးပေးလိမ့်မည်'' ဟု ဆိုလေ၏။
11. ယာကုပ်က``အစ်ကိုဧသောသည်အမွေးထူ သောသူဖြစ်ပြီး ကျွန်တော်မှာအသားအရေ ချောမွတ်သူဖြစ်ပါ၏။-
12. ဖခင်ကကျွန်တော်အားစမ်းသပ်ကြည့်မိ၍ သူ့အားလှည့်ဖြားကြောင်းသိလျှင် ကျွန်တော် ကောင်းချီးမင်္ဂလာကိုခံရမည့်အစားကျိန် စာသင့်ခြင်းကိုခံရပါမည်'' ဟုမိခင်အား ပြန်ပြောလေ၏။
13. ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။-
14. ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။-
15. ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။-
16. သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။-
17. ထိုနောက်ချက်ပြီးသောအမဲဟင်းနှင့်ဖုတ် ထားသောမုန့်တို့ကိုယာကုပ်အားပေး၏။
18. ယာကုပ်သည်သူ၏ဖခင်ထံသို့သွား၍``အဖ'' ဟုခေါ်လျှင်၊ဣဇာက်က``သား'' ဟုထူးပြီးလျှင်``သားကြီး လော၊ သားငယ်လော'' ဟုမေးလေ၏။
19. ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။
20. ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။