1. ဣဇာက်သည်အိုမင်းလာ၍မျက်စိမမြင်တော့ ချေ။ သူသည်သားအကြီးဧသောကို``သား'' ဟုခေါ်လျှင်ဧသောက၊``ရှိပါသည်အဖ'' ဟုပြန်ဖြေ၏။
2. ထိုအခါဣဇာက်က``ငါသည်ယခုအိုလှပြီ။ မကြာမီသေရမည်။-
3. သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။-
4. ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
5. ဣဇာက်ကဧသောအား ထိုသို့မှာကြားနေစဉ် ရေဗက္ကသည်နားထောင်လျက်ရှိ၏။ ထို့ကြောင့် ဧသောအမဲပစ်ထွက်သွားသောအခါ၊-
6. ရေဗက္ကသည်ယာကုပ်ကိုခေါ်၍``သင့်အဖ ကဧသောအား၊-
7. `အမဲပစ်၍ငါ့အတွက်ဟင်းချက်ခဲ့ပါ။ ငါ စားပြီးလျှင်ထာဝရဘုရားရှေ့တော်၌ သင့် အားငါမသေမီကောင်းချီးပေးမည်' ဟုမှာ ကြားသည်ကိုငါကြားပြီ။-
8. သို့ဖြစ်၍ငါ့သား၊ ငါ့စကားကိုနားထောင် ၍ငါပြောသမျှအတိုင်းပြုလုပ်လော့။-