ကမ္ဘာ​ဦး 26:20-35 Common Language Bible (BCL)

20. ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။

21. ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​အ​ခြား​ရေ​တွင်း တစ်​တွင်း​ကို​တူး​ကြ​ပြန်​ရာ​အ​ငြင်း​ပွား​ကြ ပြန်​သ​ဖြင့် ထို​ရေ​တွင်း​ကို``ရန်​ငြိုး'' ဟု​နာ​မည် မှည့်​လေ​သည်။-

22. တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။

23. ထို​နောက်​ဣ​ဇာက်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ပြောင်း​ရွှေ့​ခဲ့​သည်။-

24. ထို​ည​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ် ထင်​ပြ​၍``ငါ​သည်​သင်​၏​အ​ဖ​အာ​ဗြ​ဟံ​၏ ဘု​ရား​ဖြစ်​၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​၏။ ငါ​၏​ကျွန်​အာ​ဗြ​ဟံ​အား​ထား သော​ကတိ​တော်​ကို​ထောက်​၍​သင့်​ကို​ကောင်း​ချီး ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​များ ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။-

25. ဣ​ဇာက်​သည်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​ပြီး လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ပတ္ထ​နာ ပြု​လေ​၏။ သူ​သည်​ထို​အ​ရပ်​၌​စ​ခန်း​ချ​၍ အ​စေ​ခံ​တို့​က​ရေ​တွင်း​တစ်​တွင်း​တူး​ကြ ပြန်​သည်။

26. အ​ဘိ​မ​လက်​ဘု​ရင်​သည်​အ​တိုင်​ပင်​ခံ​အ​ဟု ဇတ်​နှင့်​ဗိုလ်​ချုပ်​ဖိ​ကော​လ​တို့​လိုက်​ပါ​လျက် ဂေ​ရာ​မြို့​မှ​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​ကြ ၏။-

27. ဣ​ဇာက်​က``သင်​တို့​သည်​ယ​ခင်​က​အ​ကျွန်ုပ် အား​မုန်း​၍ သင်​တို့​၏​ပြည်​မှ​နှင်​ထုတ်​ကြ​ပြီး မှ အ​ဘယ်​ကြောင့်​ယ​ခု​အ​ကျွန်ုပ်​ထံ​သို့​လာ ကြ​သ​နည်း'' ဟု​မေး​လေ​၏။

28. သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​အ​တူ ရှိ​ကြောင်း ယ​ခု​ငါ​တို့​သိ​ရ​ပြီ​ဖြစ်​၍ ငါ​တို့ အ​ချင်း​ချင်း​က​တိ​သစ္စာ​ထား​ကြ​ပါ​စို့။-

29. ငါ​တို့​က​သင့်​အား​ရန်​ဖက်​မ​ပြု​ဘဲ သင်​တို့​အား ကြင်​နာ​၍​အေး​ချမ်း​စွာ​ထွက်​သွား​စေ​သည့်​နည်း တူ သင်​က​ငါ​တို့​အား​လည်း​ရန်​ဖက်​မ​ပြု​ပါ​ဟု က​တိ​ပြု​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​ကောင်းချီး​ပေး​တော်​မူ​ကြောင်း​သိ​သာ​ထင် ရှား​ပါ​သည်'' ဟု​ဆို​၏။-

30. ဣ​ဇာက်​သည်​စား​သောက်​ပွဲ​ကို​ပြင်​ဆင်​၍ သူ တို့​အား​လုံး​အ​တူ​တ​ကွ​စား​သောက်​ကြ လေ​သည်။-

31. နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင် သူ​တို့​အ​ချင်း ချင်း​တစ်​ဦး​နှင့်​တစ်​ဦး​ကတိ​သစ္စာ​ပြု​ကြ​၏။ ထို့ နောက်​သူ​တို့​အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​လျှင် မိတ်​ဆွေ​ဖြစ်​လျက်​ခွဲ​ခွာ​ကြ​လေ​သည်။

32. ဣ​ဇာက်​၏​အ​စေ​ခံ​တို့​က​သူ​တို့​တူး​သော​ရေ တွင်း​ရေ​ထွက်​ကြောင်း​ဣ​ဇက်​အား​ပြော​ပြ​ကြ​၏။-

33. ဣ​ဇာက်​က​ထို​ရေ​တွင်း​ကို​ရှေ​ဘ​ဟု​မှည့်​ခေါ်​သော ကြောင့်​ထို​မြို့​ကို​ဗေ​ရ​ရှေ​ဘ​မြို့​ဟု​ခေါ်​တွင်​လေ သည်။

34. ဧ​သော​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ဟိတ္တိ​အ​မျိုး​သား​ဗေ​ရိ​၏​သ​မီး​ယု​ဒိတ်၊ ဟိတ္တိ အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​ဗာ​ရှ​မတ်​တို့ နှစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။-

35. ဣ​ဇာက်​နှင့်​ရေ​ဗက္က​တို့​သည်​ထို​အ​မျိုး​သ​မီး များ​အ​တွက်​ကြောင့်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ရ​လေ​၏။

ကမ္ဘာ​ဦး 26