ကမ္ဘာ​ဦး 26:2-22 Common Language Bible (BCL)

2. ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ်​ထင်​ပြ ၍``သင်​သည်​အီ​ဂျစ်​ပြည်​သို့​မ​သွား​နှင့်။ ငါ ပြ​လတ္တံ့​သော​ပြည်​၌​နေ​ထိုင်​လော့။-

3. ယ​ခု​ဤ​ပြည်​၌​နေ​လော့။ ငါ​သည်​သင်​နှင့် အ​တူ​ရှိ​၍​ကောင်း​ချီး​ပေး​မည်။ ဤ​ဒေ​သ​အား လုံး​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား ငါ​ပေး​မည်။ သင်​၏​အ​ဖ​အာ​ဗြ​ဟံ​အား​ငါ ထား​သော​က​တိ​အ​တိုင်း​ငါ​ပြု​မည်။-

4. သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​ကောင်း​ကင်​ကြယ် ကဲ့​သို့​များ​ပြား​စေ​၍ သူ​တို့​အား​ဤ​ဒေ​သ အား​လုံး​ကို​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ကောင်း​ချီး​ပေး​သည့်​နည်း​တူ ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​လည်း​ငါ့​ထံ မှ​ကောင်း​ချီး​ကို​တောင်း​လျှောက်​ကြ​လိမ့် မည်။-

5. အာ​ဗြ​ဟံ​သည်​ငါ​၏​စကား​ကို​နား​ထောင်​၍​ငါ ၏​ပ​ညတ်​နှင့်​အ​မိန့်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း သော​ကြောင့် ငါ​သည်​သင့်​အား​ကောင်း​ချီး​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။

6. ထို့​ကြောင့်​ဣ​ဇာက်​သည်​ဂေ​ရာ​မြို့​မှာ​နေ​ထိုင်​လေ​၏။-

7. ထို​မြို့​သား​တို့​က``သင်​နှင့်​ပါ​လာ​သော​အ​မျိုး သ​မီး​သည်​မည်​သူ​နည်း'' ဟု​မေး​ကြ​သော​အ​ခါ သူ​၏​နှ​မ​ဖြစ်​သည်​ဟု​ဖြေ​ကြား​လေ​သည်။ သူ ၏​မ​ယား​ဖြစ်​သည်​ဟု​မ​ဖော်​ပြ​ခြင်း​မှာ ရေ​ဗက္က သည်​ရုပ်​ရည်​အ​လွန်​လှ​သူ​ဖြစ်​သ​ဖြင့် ထို​မြို့ သား​တို့​က​မိ​မိ​အား​သတ်​မည်​ကို​ဣ​ဇာက် စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။-

8. ဣ​ဇာက်​သည်​ထို​မြို့​တွင်​အ​တန်​ကြာ​နေ​ထိုင်​ပြီး နောက်၊ တစ်​နေ့​တွင်​အ​ဘိ​မ​လက်​ဘု​ရင်​ကြီး​သည် ပြူ​တင်း​ပေါက်​မှ​အ​ပြင်​သို့​ကြည့်​လိုက်​ရာ ဣ​ဇာက် နှင့်​ရေ​ဗက္က​တို့​ချစ်​ကျွမ်း​ဝင်​နေ​ကြ​သည်​ကို​မြင် ရ​လေ​သည်။-

9. အ​ဘိ​မ​လက်​သည်​ဣ​ဇာက်​ကို​ခေါ်​၍``သူ​သည် စင်​စစ်​သင်​၏​မ​ယား​ဖြစ်​၏။ အ​ဘယ်​ကြောင့် သင်​၏​နှ​မ​ဟု​ပြော​ရ​သ​နည်း'' ဟု​မေး​၏။ဣ​ဇာက်​က``သူ​သည်​ကျွန်ုပ်​၏​မ​ယား​ဖြစ်​သည် ဟု​ပြော​လျှင်​အ​သတ်​ခံ​ရ​မည်​ကို​စိုး​ရိမ်​မိ ပါ​သည်'' ဟု​လျှောက်​လေ​၏။

10. အ​ဘိ​မ​လက်​က``သင်​သည်​ငါ​တို့​အား​အ​ဘယ် သို့​ပြု​မူ​သ​နည်း။ ငါ​၏​လူ​တစ်​ယောက်​ယောက်​က သင်​၏​မ​ယား​နှင့်​အ​ကြောင်း​မ​သိ​ဘဲ​ပြစ်​မှား မိ​လျှင် သင့်​ကြောင့်​ငါ​တို့​အ​ပြစ်​ကူး​လွန်​ရာ ရောက်​ပေ​မည်'' ဟု​ဆို​လေ​သည်။-

11. ထို​နောက်​အ​ဘိ​မ​လက်​က``ဤ​သူ​ကို​သော်​လည်း ကောင်း၊ သူ​၏​မ​ယား​ကို​သော်​လည်း​ကောင်း​မ တ​ရား​သ​ဖြင့်​ပြု​သော​သူ​အား​သေ​ဒဏ်​သင့် စေ​မည်'' ဟု​ပြည်​သား​တို့​အား​သ​တိ​ပေး​လေ​၏။

12. ဣ​ဇာက်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​စဉ် ကောက်​ပဲ သီး​နှံ​စိုက်​ပျိုး​လုပ်​ကိုင်​ရာ ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​ကောင်း​ချီး​ပေး​သ​ဖြင့် ထို​နှစ် တွင်​အ​ဆ​တစ်​ရာ​မျှ​သော​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​သည်။-

13. သူ​သည်​စီး​ပွား​တိုး​တက်​လာ​ပြီး​လျှင် အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​လာ​လေ​သည်။-

14. သူ​၌​သိုးအုပ်၊ နွားအုပ်​နှင့်​အ​ခြွေ​အ​ရံ​များ​စွာ​ရှိ ၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​သူ့​အား​မ​နာ လို​ကြ​သ​ဖြင့်၊-

15. သူ​၏​အ​ဖ​အာ​ဗြ​ဟံ​အ​သက်​ရှင်​စဉ်​အ​ဖ​၏ အ​စေ​ခံ​တို့​တူး​ဖော်​ခဲ့​သော​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​မြေ​ဖို့​ပစ်​ကြ​လေ​၏။

16. ထို​အ​ခါ​အ​ဘိ​မ​လက်​ဘု​ရင်​က​ဣ​ဇာက် အား``သင်​သည်​ငါ​တို့​ထက်​တန်​ခိုး​ကြီး​လာ ပြီ​ဖြစ်​၍​ငါ​တို့​ပြည်​မှ​ထွက်​သွား​လော့'' ဟု မိန့်​တော်​မူ​၏။-

17. ထို့​ကြောင့်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ထွက်​ခဲ့ ပြီး​လျှင် ဂေ​ရာ​ချိုင့်​ဝှမ်း​တွင်​အ​တန်​ကြာ​မျှ စ​ခန်း​ချ​နေ​ထိုင်​လေ​သည်။-

18. အာ​ဗြ​ဟံ​လက်​ထက်​က​တူး​ဖော်​ခဲ့​၍​အာ​ဗြ​ဟံ ကွယ်​လွန်​ပြီး​နောက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​မြေ​ဖို့ ခဲ့​ကြ​သော​ရေ​တွင်း​များ​ကို သူ​သည်​တစ်​ဖန်​တူး ဖော်​၍​ထို​ရေ​တွင်း​များ​ကို​သူ​၏​ဖ​ခင်​မှည့်​ခေါ် သော​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​လေ​၏။-

19. ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​ထို​ချိုင့်​ဝှမ်း​၌​ရေ တွင်း​သစ်​တစ်​တွင်း​တူး​ရာ​ရေ​ထွက်​လေ​၏။-

20. ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။

21. ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​အ​ခြား​ရေ​တွင်း တစ်​တွင်း​ကို​တူး​ကြ​ပြန်​ရာ​အ​ငြင်း​ပွား​ကြ ပြန်​သ​ဖြင့် ထို​ရေ​တွင်း​ကို``ရန်​ငြိုး'' ဟု​နာ​မည် မှည့်​လေ​သည်။-

22. တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။

ကမ္ဘာ​ဦး 26