ကမ္ဘာ​ဦး 26:17-20 Common Language Bible (BCL)

17. ထို့​ကြောင့်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ထွက်​ခဲ့ ပြီး​လျှင် ဂေ​ရာ​ချိုင့်​ဝှမ်း​တွင်​အ​တန်​ကြာ​မျှ စ​ခန်း​ချ​နေ​ထိုင်​လေ​သည်။-

18. အာ​ဗြ​ဟံ​လက်​ထက်​က​တူး​ဖော်​ခဲ့​၍​အာ​ဗြ​ဟံ ကွယ်​လွန်​ပြီး​နောက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​မြေ​ဖို့ ခဲ့​ကြ​သော​ရေ​တွင်း​များ​ကို သူ​သည်​တစ်​ဖန်​တူး ဖော်​၍​ထို​ရေ​တွင်း​များ​ကို​သူ​၏​ဖ​ခင်​မှည့်​ခေါ် သော​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​လေ​၏။-

19. ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​ထို​ချိုင့်​ဝှမ်း​၌​ရေ တွင်း​သစ်​တစ်​တွင်း​တူး​ရာ​ရေ​ထွက်​လေ​၏။-

20. ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။

ကမ္ဘာ​ဦး 26