15. သူ၏အဖအာဗြဟံအသက်ရှင်စဉ်အဖ၏ အစေခံတို့တူးဖော်ခဲ့သောရေတွင်းရှိသမျှ တို့ကိုမြေဖို့ပစ်ကြလေ၏။
16. ထိုအခါအဘိမလက်ဘုရင်ကဣဇာက် အား``သင်သည်ငါတို့ထက်တန်ခိုးကြီးလာ ပြီဖြစ်၍ငါတို့ပြည်မှထွက်သွားလော့'' ဟု မိန့်တော်မူ၏။-
17. ထို့ကြောင့်ဣဇာက်သည်ထိုအရပ်မှထွက်ခဲ့ ပြီးလျှင် ဂေရာချိုင့်ဝှမ်းတွင်အတန်ကြာမျှ စခန်းချနေထိုင်လေသည်။-
18. အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။-
19. ဣဇာက်၏အစေခံတို့သည်ထိုချိုင့်ဝှမ်း၌ရေ တွင်းသစ်တစ်တွင်းတူးရာရေထွက်လေ၏။-
20. ဂေရာမြို့မှသိုးထိန်းတို့က``ဤရေတွင်းကို ကျွန်ုပ်တို့ပိုင်သည်'' ဟုဆို၍ဣဇာက်၏သိုးထိန်း တို့နှင့်အငြင်းပွားကြ၏။ ထို့ကြောင့်ဣဇာက်က ထိုရေတွင်းကို``အငြင်းအပွား'' နာမည်ဖြင့် မှည့်ခေါ်လေ၏။
21. ဣဇာက်၏အစေခံတို့သည်အခြားရေတွင်း တစ်တွင်းကိုတူးကြပြန်ရာအငြင်းပွားကြ ပြန်သဖြင့် ထိုရေတွင်းကို``ရန်ငြိုး'' ဟုနာမည် မှည့်လေသည်။-
22. တစ်ဖန်ဣဇာက်သည်ထိုအရပ်မှပြောင်း၍အခြား တစ်နေရာ၌ရေတွင်းတစ်တွင်းတူးပြန်လေသည်။ ထိုရေတွင်းနှင့်ပတ်သက်၍အငြင်းပွားမှုမရှိ သဖြင့်``လွတ်လပ်ခြင်း'' ဟုနာမည်မှည့်လေသည်။ ဣဇာက်က``ထာဝရဘုရားသည်ဤပြည်၌ငါ တို့အားလွတ်လပ်စွာနေထိုင်ခွင့်ပေးတော်မူပြီ ဖြစ်၍ငါတို့စီးပွားတိုးတက်မည်'' ဟုဆိုလေ၏။
23. ထိုနောက်ဣဇာက်သည်ဗေရရှေဘအရပ်သို့ ပြောင်းရွှေ့ခဲ့သည်။-
24. ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
25. ဣဇာက်သည်ထိုအရပ်၌ယဇ်ပလ္လင်တည်ပြီး လျှင် ထာဝရဘုရားကိုတိုင်တည်၍ပတ္ထနာ ပြုလေ၏။ သူသည်ထိုအရပ်၌စခန်းချ၍ အစေခံတို့ကရေတွင်းတစ်တွင်းတူးကြ ပြန်သည်။
26. အဘိမလက်ဘုရင်သည်အတိုင်ပင်ခံအဟု ဇတ်နှင့်ဗိုလ်ချုပ်ဖိကောလတို့လိုက်ပါလျက် ဂေရာမြို့မှဣဇာက်ထံသို့ရောက်ရှိလာကြ ၏။-