13. သူသည်စီးပွားတိုးတက်လာပြီးလျှင် အလွန်ကြွယ်ဝချမ်းသာလာလေသည်။-
14. သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
15. သူ၏အဖအာဗြဟံအသက်ရှင်စဉ်အဖ၏ အစေခံတို့တူးဖော်ခဲ့သောရေတွင်းရှိသမျှ တို့ကိုမြေဖို့ပစ်ကြလေ၏။
16. ထိုအခါအဘိမလက်ဘုရင်ကဣဇာက် အား``သင်သည်ငါတို့ထက်တန်ခိုးကြီးလာ ပြီဖြစ်၍ငါတို့ပြည်မှထွက်သွားလော့'' ဟု မိန့်တော်မူ၏။-