ကမ္ဘာ​ဦး 25:3-15 Common Language Bible (BCL)

3. ယုတ်​ရှန်​၏​သား​များ​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​တို့ ဖြစ်​ကြ​သည်။ ဒေ​ဒန်​၏​အ​ဆက်​အ​နွယ်​များ​မှာ အာ​ရှု​ရိမ်​အ​မျိုး​သား၊ လေ​တု​ရှိမ်​အ​မျိုး​သား၊ လုမ်​မိမ်​အ​မျိုး​သား​တို့​ဖြစ်​ကြ​သည်။-

4. မိ​ဒျန်​၏​သား​များ​မှာ​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ​နှင့်​ဧ​လ​ဒါ​တို့​ဖြစ်​ကြ​သည်။ ထို​သူ အား​လုံး​တို့​သည်​ကား​ကေ​တု​ရ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​ကြ​သ​တည်း။

5. အာ​ဗြ​ဟံ​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ဣ​ဇာက်​အား​အ​မွေ​ပေး​၏။-

6. သို့​ရာ​တွင်​သူ​အ​သက်​ရှင်​စဉ်​အ​ခြား​သော​မ​ယား တို့​နှင့်​ရ​သော​သား​တို့​အား​လည်း လက်​ဆောင်​များ ကို​ပေး​၍​ဣ​ဇာက်​နှင့်​ဝေး​ရာ​အ​ရှေ့​ပြည်​သို့​ပြောင်း ရွှေ့​နေ​ထိုင်​စေ​သည်။

9. သား​များ​ဖြစ်​ကြ​သော​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ တို့​သည် မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ​ဟိတ္တိ​အ​မျိုး​သား ဇော​ရ​၏​သား​ဧ​ဖ​ရုန်​ပိုင်​ခဲ့​သော​မြေ​ကွက်​တွင် မပ္ပေလ​ဂူ​၌​ဖ​ခင်​ကို​သင်္ဂြိုဟ်​ကြ​၏။-

10. မြေ​ကွက်​မှာ​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​မှ​အာ​ဗြ​ဟံ ဝယ်​ယူ​ခဲ့​သော​မြေ​ကွက်​ဖြစ်​၏။ စာ​ရာ​ကို​သင်္ဂြိုဟ် ရာ​သင်္ချိုင်း​တွင်​အာ​ဗြ​ဟံ​ကို​သင်္ဂြိုဟ်​ကြ​၏။-

11. အာ​ဗြ​ဟံ​ကွယ်​လွန်​ပြီး​နောက်``ငါ့​ကို​မြင် တော်​မူ​သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ၏​ရေ​တွင်း'' အ​နီး​၌​နေ​ထိုင်​သော​ဣ​ဇာက်​ကို ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​၏။

12. အာ​ဗြ​ဟံ​နှင့်​စာ​ရာ​၏​ကျွန်​မ​အီ​ဂျစ်​အ​မျိုး သ​မီး​ဟာ​ဂ​ရ​တို့​ရ​သော​သား​ဣ​ရှ​မေ​လ​၏ သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

13. ဣ​ရှ​မေ​လ​၏​ကြီး​စဉ်​ငယ်​လိုက်​သား​များ​၏ နာ​မည်​များ​မှာ​သား​ဦး​န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊-

14. မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊-

15. ဟာ​ဒဒ်၊ တေ​မ၊ ယေ​တု​ရ၊ နာ​ဖိ​ရှ​နှင့်​ကေ​ဒ​မာ တို့​ဖြစ်​ကြ​သည်။-

ကမ္ဘာ​ဦး 25