21. ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
22. သူ၏ပဋိသန္ဓေမှာကလေးအမြွှာတည်၍ထို ကလေးတို့သည်မမွေးဖွားမီက အမိ၏ဝမ်း ထဲမှာအချင်းချင်းအားပြိုင်ကြ၏။ ထိုအခါ ရေဗက္ကက``ကျွန်မတွင်အဘယ်ကြောင့်ဤသို့ ဖြစ်ရသနည်း'' ဟုဆို၍ထာဝရဘုရား ထံလျှောက်ထားလေသည်။
23. ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။