20. ဣဇာက်သည်အသက်လေးဆယ်ရှိသောအခါ ပါဒနာရံပြည်မှ ရှုရိအမျိုးသားဗေသွေလ ၏သမီး၊ လာဗန်၏နှမရေဗက္ကနှင့်အိမ်ထောင် ပြုလေသည်။-
21. ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
22. သူ၏ပဋိသန္ဓေမှာကလေးအမြွှာတည်၍ထို ကလေးတို့သည်မမွေးဖွားမီက အမိ၏ဝမ်း ထဲမှာအချင်းချင်းအားပြိုင်ကြ၏။ ထိုအခါ ရေဗက္ကက``ကျွန်မတွင်အဘယ်ကြောင့်ဤသို့ ဖြစ်ရသနည်း'' ဟုဆို၍ထာဝရဘုရား ထံလျှောက်ထားလေသည်။
23. ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
24. ရေဗက္ကသည်သားဖွားချိန်စေ့သောအခါ သား အမြွှာကိုဖွားမြင်လေသည်။-
25. အဦးဖွားသောသားသည်အဆင်းနီ၍အမွေး ထူသဖြင့်ဧသောဟုနာမည်မှည့်လေသည်။-
26. ဒုတိယသားသည်ဧသော၏ဖနောင့်ကိုဆုပ် ကိုင်လျက်မွေးဖွားလာသဖြင့် ယာကုပ်ဟုနာ မည်မှည့်လေသည်။ ထိုသားများမွေးဖွားသော အခါဣဇာက်သည်အသက်ခြောက်ဆယ်ရှိပြီ ဖြစ်၏။
27. သူငယ်တို့သည်လည်းကြီးပြင်းလာကြ၏။ ဧသောသည်တော၌ကျက်စားသောမုဆိုး ကောင်းဖြစ်လာ၏။ ယာကုပ်မူကားအိမ်တွင် အေးချမ်းစွာနေသောသူဖြစ်၏။-
28. ဣဇာက်သည်ဧသောအမဲလိုက်၍ရသော အမဲကိုနှစ်သက်သဖြင့် ဧသောကိုချစ်၏။ သို့ရာတွင်ရေဗက္ကသည်ယာကုပ်ကိုချစ်၏။
29. တစ်နေ့သ၌ယာကုပ်သည်ပဲဟင်းကိုချက်နေ စဉ် ဧသောသည်အမဲလိုက်ရာမှပြန်ရောက် လာ၏။ သူသည်ဆာလောင်သဖြင့်၊-
30. ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
31. ထိုအခါယာကုပ်က``သားဦးအရာကို ပေးလျှင်ဟင်းကိုပေးမည်'' ဟုဆိုလေသည်။
32. ဧသောက``ငါသည်သေလုအောင်ဆာနေပြီ။ သားဦးအရာသည်ငါ့အဖို့မည်ကဲ့သို့ အကျိုးထူးရှိနိုင်မည်နည်း။ သားဦးအရာ ကိုယူလော့'' ဟုပြန်ဖြေ၏။
33. ယာကုပ်က``သင်၏သားဦးအရာကိုပေးမည် ဟုဦးစွာကတိသစ္စာဆိုပါ'' ဟုပြောသည်။ဧသောသည်ကတိသစ္စာဆို၍သားဦး အရာကိုယာကုပ်အားပေးလိုက်၏။-