14. မိရှမ၊ ဒုမာ၊ မာစ၊-
15. ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှနှင့်ကေဒမာ တို့ဖြစ်ကြသည်။-
16. ဣရှမေလ၏သားတို့သည်အနွယ်တစ်ဆယ့် နှစ်မျိုးတို့၏ဖခင်များဖြစ်ကြ၍ သူတို့နေ ထိုင်ရာကျေးရွာနှင့်စခန်းချရာအရပ်များ ကိုသူတို့၏နာမည်များဖြင့်ခေါ်တွင်ကြလေ သည်။-
17. ဣရှမေလသည်အသက်တစ်ရာ့သုံးဆယ့်ခုနစ် နှစ်ရှိသော်ကွယ်လွန်လေသည်။-
18. ဣရှမေလ၏အဆက်အနွယ်တို့သည်အီဂျစ် ပြည်အရှေ့ဘက်အာရှုရိပြည်သို့သွားရာလမ်း တွင် ဟဝိလမြို့နှင့်ရှုရမြို့အကြားရှိဒေသ တွင်နေထိုင်ကြသည်။ သူတို့သည်အာဗြဟံ၏ အခြားသောအဆက်အနွယ်တို့နှင့်တသီး တခြားနေထိုင်ကြလေသည်။
19. အာဗြဟံသားဣဇာက်၏အတ္ထုပ္ပတ္တိကိုဖော်ပြ ပေအံ့။-
20. ဣဇာက်သည်အသက်လေးဆယ်ရှိသောအခါ ပါဒနာရံပြည်မှ ရှုရိအမျိုးသားဗေသွေလ ၏သမီး၊ လာဗန်၏နှမရေဗက္ကနှင့်အိမ်ထောင် ပြုလေသည်။-
21. ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
22. သူ၏ပဋိသန္ဓေမှာကလေးအမြွှာတည်၍ထို ကလေးတို့သည်မမွေးဖွားမီက အမိ၏ဝမ်း ထဲမှာအချင်းချင်းအားပြိုင်ကြ၏။ ထိုအခါ ရေဗက္ကက``ကျွန်မတွင်အဘယ်ကြောင့်ဤသို့ ဖြစ်ရသနည်း'' ဟုဆို၍ထာဝရဘုရား ထံလျှောက်ထားလေသည်။
23. ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။