11. အာဗြဟံကွယ်လွန်ပြီးနောက်``ငါ့ကိုမြင် တော်မူသည့်အသက်ရှင်တော်မူသောအရှင် ၏ရေတွင်း'' အနီး၌နေထိုင်သောဣဇာက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။
12. အာဗြဟံနှင့်စာရာ၏ကျွန်မအီဂျစ်အမျိုး သမီးဟာဂရတို့ရသောသားဣရှမေလ၏ သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။-
13. ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊-
14. မိရှမ၊ ဒုမာ၊ မာစ၊-
15. ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှနှင့်ကေဒမာ တို့ဖြစ်ကြသည်။-
16. ဣရှမေလ၏သားတို့သည်အနွယ်တစ်ဆယ့် နှစ်မျိုးတို့၏ဖခင်များဖြစ်ကြ၍ သူတို့နေ ထိုင်ရာကျေးရွာနှင့်စခန်းချရာအရပ်များ ကိုသူတို့၏နာမည်များဖြင့်ခေါ်တွင်ကြလေ သည်။-
17. ဣရှမေလသည်အသက်တစ်ရာ့သုံးဆယ့်ခုနစ် နှစ်ရှိသော်ကွယ်လွန်လေသည်။-