1. အာဗြဟံသည်ကေတုရနာမည်ရှိသော မိန်းမနှင့်နောက်ထပ်အိမ်ထောင်ပြု၏။-
2. ထိုမိန်းမသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကိုဖွားမြင်လေသည်။-
3. ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
4. မိဒျန်၏သားများမှာဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါတို့ဖြစ်ကြသည်။ ထိုသူ အားလုံးတို့သည်ကားကေတုရ၏အဆက် အနွယ်များဖြစ်ကြသတည်း။
5. အာဗြဟံသည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ဣဇာက်အားအမွေပေး၏။-
6. သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။