8. အကယ်၍အမျိုးသမီးကသင်နှင့်အတူမလိုက် လိုပါကသင်ထားသောကတိသစ္စာသည်ပျက်ပြယ် စေ။ သို့ရာတွင်မည်သည့်အကြောင်းကြောင့်မဆို ငါ့သားကိုထိုပြည်သို့ခေါ်ဆောင်၍မသွားရ'' ဟုဆို၏။-
9. ထို့ကြောင့်အာဗြဟံ၏အစေခံသည်မိမိ သခင်၏ပေါင်အောက်တွင် လက်ကိုထား၍ ခိုင်းစေသမျှအတိုင်းပြုလုပ်ပါမည်ဟု ကတိသစ္စာဆိုလေ၏။
10. အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
11. ထိုအရပ်သို့ရောက်သော်သူသည်မြို့ပြင်ရှိ ရေတွင်းအနီးတွင် ကုလားအုတ်များကိုဝပ် ချစေ၏။ ထိုအချိန်သည်ကားမြို့တွင်းမှအမျိုး သမီးများထွက်၍ရေခပ်ရန်လာသောညနေ ချမ်းအချိန်ဖြစ်သတည်း။-
12. သူက``အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာခဲ့ရသည့် ကိစ္စထမြောက်အောင်မြင်စေတော်မူပါ။ အကျွန်ုပ် ၏သခင်အားထားသောကတိတော်အတိုင်းပြု တော်မူပါ။-
13. အကျွန်ုပ်သည်မြို့တွင်းမှမိန်းမပျိုများရေ ခပ်လာမည့်ရေတွင်းနားသို့ရောက်ရှိနေပါ၏။-