ကမ္ဘာ​ဦး 24:51-67 Common Language Bible (BCL)

51. သင့်​ရှေ့​တွင်​ရေ​ဗက္က​ရှိ​ပါ​၏။ သူ့​ကို​ခေါ်​ဆောင် သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည်​အ​တိုင်း​သူ့​အား​သင့်​သ​ခင် သား​၏​မ​ယား​အ​ဖြစ်​ခေါ်​ဆောင်​သွား​ပါ လော့'' ဟု​ဖြေ​ကြ​၏။-

52. အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​ထို​စ​ကား​ကို ကြား​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ် ရှိ​ခိုး​လေ​သည်။-

53. ထို​နောက်​သူ​သည်​ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​များ ကို​ထုတ်​၍​ရေ​ဗက္က​အား​ပေး​၏။ ရေ​ဗက္က​၏​မောင် နှင့်​မိ​ခင်​တို့​အား​လည်း​အ​ဖိုး​ထိုက်​တန်​သော လက်​ဆောင်​များ​ကို​ပေး​၏။

54. ထို​နောက်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​နှင့် အ​ဖော်​တို့ သည်​စား​သောက်​ကြ​ပြီး​လျှင် ထို​အိမ်​၌​ည​အိပ် ၍​နံ​နက်​အိပ်​ရာ​မှ​နိုး​ကြ​သော​အ​ခါ အာ​ဗြ​ဟံ ၏​အ​စေ​ခံ​က``သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ'' ဟု ပန်​ကြား​၏။

55. ထို​အ​ခါ​ရေ​ဗက္က​၏​မောင်​နှင့်​မိ​ခင်​တို့​က``မိန်း က​လေး​အား​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဆယ်​ရက်​ခန့် မျှ​နေ​စေ​ပြီး​မှ​သွား​ပါ'' ဟု​ဆို​ကြ​၏။

56. ထို​သူ​က``ကျွန်ုပ်​ကို​မ​တား​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​လာ​ရ​သော​ကိစ္စ​ကို​ထ​မြောက် အောင်​မြင်​စေ​တော်​မူ​ပြီ​ဖြစ်​၍​သ​ခင့်​ထံ​သို့ ပြန်​ပါ​ရ​စေ'' ဟု​ပြန်​ပြော​၏။

57. တစ်​ဖန်​သူ​တို့​က``မိန်း​က​လေး​ကို​ခေါ်​၍​သူ ၏​သ​ဘော​ကို​မေး​ကြည့်​ကြ​ပါ​စို့'' ဟု​ပြော ကြ​၏။-

58. သူ​တို့​သည်​ရေ​ဗက္က​ကို​ခေါ်​၍``သင်​သည်​ဤ​သူ နှင့်​အ​တူ​လိုက်​သွား​လို​သ​လော'' ဟု​မေး​၏။``လိုက်​သွား​ပါ​မည်'' ဟု​ဖြေ​ကြား​သ​ဖြင့်၊

59. ရေ​ဗက္က​နှင့်​သူ​၏​အ​ထိန်း​ကို​အာ​ဗြ​ဟံ​၏ အ​စေ​ခံ​လူ​စု​နှင့်​အ​တူ​လိုက်​ပါ​သွား​စေ ကြ​၏။-

60. သူ​တို့​က၊``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။

61. ထို​နောက်​ရေ​ဗက္က​နှင့်​သူ​၏​ကျွန်​မ​များ​တို့​သည် ကု​လား​အုတ်​များ​ကို​စီး​၍ အာ​ဗြ​ဟံ​၏​အ​စေ ခံ​နှင့်​အ​တူ​လိုက်​ပါ​သွား​ကြ​လေ​သည်။

62. ဣ​ဇာက်​သည်``ငါ့​ကို​မြင်​တော်​မူ​သည့်​အ​သက်​ရှင် တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟူ​သော​နာ​မည် ရှိ​ရာ​တော​ကန္တာရ​သို့​ရောက်​လာ​၍ ခါ​နာန်​ပြည် တောင်​ပိုင်း​တွင်​နေ​ထိုင်​လျက်​ရှိ​၏။-

63. ည​နေ​ချမ်း​အ​ချိန်​၌​သူ​သည်​လယ်​ကွင်း​ထဲ တွင်​ကု​လား​အုတ်​များ​လာ​နေ​သည်​ကို​မြင် ရ​လေ​၏။-

64. ရေ​ဗက္က​သည်​ဣ​ဇာက်​ကို​မြင်​လျှင်​ကု​လား​အုတ် ပေါ်​မှ​ဆင်း​၍၊-

65. ``လယ်​ကွင်း​ထဲ​၌​ကျွန်ုပ်​တို့​ထံ​သို့​လာ​နေ​သူ ကား​မည်​သူ​ပါ​နည်း'' ဟု​အာ​ဗြ​ဟံ​၏​အ​စေ ခံ​အား​မေး​လေ​၏။``ကျွန်ုပ်​၏​သ​ခင်​ဖြစ်​ပါ​သည်'' ဟု​ဖြေ​လျှင် ရေ​ဗက္က​သည်​ပု​ဝါ​ကို​ယူ​၍​မျက်​နှာ​ကို​ဖုံး​လိုက်​၏။

66. အ​စေ​ခံ​က​လည်း​မိ​မိ​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို ဣ​ဇာက်​အား​အ​ကုန်​အ​စင်​ပြော​ပြ​လေ​၏။-

67. ထို​နောက်​ဣ​ဇာက်​သည်​မိ​မိ​၏​အ​မိ​စာ​ရာ​နေ ထိုင်​ခဲ့​သော​တဲ​ထဲ​သို့​ရေ​ဗက္က​ကို​ခေါ်​ဆောင် သွား​၍​အ​ကြင်​လင်​မ​ယား​ဖြစ်​လာ​ကြ​၏။ ဣ​ဇာက်​သည်​ရေ​ဗက္က​ကို​ချစ်​မြတ်​နိုး​၏။ ထို့ ကြောင့်​သူ​၏​မိ​ခင်​ကွယ်​လွန်​၍​ဝမ်း​နည်း ကြေ​ကွဲ​ရာ​မှ​စိတ်​သက်​သာ​ရာ​ရ​လေ​သည်။

ကမ္ဘာ​ဦး 24