44. အကယ်၍သူက`သောက်ပါ။ သင်၏ကုလားအုတ် များအတွက်ရေကိုခပ်ပေးပါဦးမည်' ဟုဆို လျှင်ထိုမိန်းမပျိုသည်အကျွန်ုပ်သခင်၏သား အတွက်ကိုယ်တော်ရှင်ရွေးချယ်သောမယား ဖြစ်ပါစေသော' ဟုဆုတောင်းပါသည်။-
45. စိတ်ထဲ၌ထိုကဲ့သို့ဆုတောင်း၍မပြီးမီ ရေဗက္ကသည် ပခုံးပေါ်တွင်ရေခရားတင်လျက် ရေခပ်ရန်ရေတွင်းသို့လာပါသည်။ ကျွန်ုပ်ကသူ့ အား`ရေတစ်ပေါက်လောက်သောက်ပါရစေ' ဟု တောင်း၏။-
46. သူသည်ပခုံးပေါ်မှခရားကိုအလျင်အမြန် ချလျက်`သောက်ပါ၊ သင်၏ကုလားအုတ်များကို လည်းရေတိုက်ပါမည်' ဟုဆိုပါသည်။ ထိုကြောင့် ကျွန်ုပ်ရေသောက်ရပါ၏။ သူကကုလားအုတ် များကိုလည်းရေတိုက်ပေးပါ၏။-
47. ကျွန်ုပ်က`သင်သည်မည်သူ၏သမီးဖြစ်သနည်း' ဟုမေးသော်သူက`ကျွန်မသည်နာခေါ်နှင့်မိလ ခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါသည်' ဟုဖြေပါသည်။ ထိုအခါကျွန်ုပ်သည်သူ၏နှာ ခေါင်းတွင်နှာဆွဲကိုလည်းကောင်း၊ လက်တွင်လက် ကောက်များကိုလည်းကောင်းဝတ်ဆင်ပေးပါ သည်။-
48. ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။-
49. သင်တို့သည်ကျွန်ုပ်၏သခင်အတွက်ကရုဏာ ပြတော်မူလျက်သစ္စာကတိအတိုင်းဆောင်ရွက် နိုင်မည်၊ မဆောင်ရွက်နိုင်မည်ကိုသိပါရစေ။ မဆောင်ရွက်နိုင်ဟုဆိုလျှင်လည်းသိပါရစေ။ သို့မှသာကျွန်ုပ်မည်ကဲ့သို့ဆက်လက်ဆောင်ရွက် ရမည်ကိုဆုံးဖြတ်နိုင်ပါမည်'' ဟုပြောလေ၏။
50. လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
51. သင့်ရှေ့တွင်ရေဗက္ကရှိပါ၏။ သူ့ကိုခေါ်ဆောင် သွားပါလော့။ ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူသည်အတိုင်းသူ့အားသင့်သခင် သား၏မယားအဖြစ်ခေါ်ဆောင်သွားပါ လော့'' ဟုဖြေကြ၏။-
52. အာဗြဟံ၏အစေခံသည်ထိုစကားကို ကြားရလျှင် ထာဝရဘုရားအားဦးညွှတ် ရှိခိုးလေသည်။-
53. ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။
54. ထိုနောက်အာဗြဟံ၏အစေခံနှင့် အဖော်တို့ သည်စားသောက်ကြပြီးလျှင် ထိုအိမ်၌ညအိပ် ၍နံနက်အိပ်ရာမှနိုးကြသောအခါ အာဗြဟံ ၏အစေခံက``သခင်ထံသို့ပြန်ပါရစေ'' ဟု ပန်ကြား၏။
55. ထိုအခါရေဗက္က၏မောင်နှင့်မိခင်တို့က``မိန်း ကလေးအားကျွန်ုပ်တို့နှင့်အတူဆယ်ရက်ခန့် မျှနေစေပြီးမှသွားပါ'' ဟုဆိုကြ၏။
56. ထိုသူက``ကျွန်ုပ်ကိုမတားပါနှင့်။ ထာဝရ ဘုရားသည်ကျွန်ုပ်လာရသောကိစ္စကိုထမြောက် အောင်မြင်စေတော်မူပြီဖြစ်၍သခင့်ထံသို့ ပြန်ပါရစေ'' ဟုပြန်ပြော၏။
57. တစ်ဖန်သူတို့က``မိန်းကလေးကိုခေါ်၍သူ ၏သဘောကိုမေးကြည့်ကြပါစို့'' ဟုပြော ကြ၏။-
58. သူတို့သည်ရေဗက္ကကိုခေါ်၍``သင်သည်ဤသူ နှင့်အတူလိုက်သွားလိုသလော'' ဟုမေး၏။``လိုက်သွားပါမည်'' ဟုဖြေကြားသဖြင့်၊
59. ရေဗက္ကနှင့်သူ၏အထိန်းကိုအာဗြဟံ၏ အစေခံလူစုနှင့်အတူလိုက်ပါသွားစေ ကြ၏။-
60. သူတို့က၊``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ရေဗက္ကအားကောင်းချီးပေးကြ၏။
61. ထိုနောက်ရေဗက္ကနှင့်သူ၏ကျွန်မများတို့သည် ကုလားအုတ်များကိုစီး၍ အာဗြဟံ၏အစေ ခံနှင့်အတူလိုက်ပါသွားကြလေသည်။
62. ဣဇာက်သည်``ငါ့ကိုမြင်တော်မူသည့်အသက်ရှင် တော်မူသောအရှင်၏ရေတွင်း'' ဟူသောနာမည် ရှိရာတောကန္တာရသို့ရောက်လာ၍ ခါနာန်ပြည် တောင်ပိုင်းတွင်နေထိုင်လျက်ရှိ၏။-
63. ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။-