ကမ္ဘာ​ဦး 24:33-51 Common Language Bible (BCL)

33. သူ​တို့​အ​တွက်​စား​စ​ရာ​ကို​ပြင်​ဆင်​ပြီး​သော အ​ခါ​ထို​သူ​က``ကျွန်ုပ်​ပြော​စ​ရာ​ရှိ​သ​မျှ ကို​ပြော​ပြ​ပြီး​မှ​အ​စာ​စား​ပါ​မည်'' ဟု​ဆို လေ​၏။လာ​ဗန်​က``ပြော​ပါ'' ဟု​ဆို​၏။-

34. ထို​သူ​က``ကျွန်ုပ်​သည်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ ဖြစ်​ပါ​သည်။-

35. ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​၏​သ​ခင်​အား​ကောင်း ချီး​မင်္ဂ​လာ​များ​စွာ​ချ​ပေး​သ​ဖြင့် သူ​သည်​ကြွယ် ဝ​ချမ်း​သာ​လာ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​အား​သိုး​အုပ်၊ ဆိတ်​အုပ်၊ ရွှေ၊ ငွေ၊ ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​ကို​ပေး တော်​မူ​ပြီ။-

36. ကျွန်ုပ်​သ​ခင်​၏​မ​ယား​စာ​ရာ​သည်​အ​ရွယ်​အို မှ​သား​တစ်​ယောက်​ကို​ဖွား​မြင်​ခဲ့​သည်။ ကျွန်ုပ် ၏​သခင်​သည်​ထို​သား​အား​မိ​မိ​ပိုင်​ဆိုင်​သ​မျှ တို့​ကို​ပေး​အပ်​ထား​ပါ​သည်။-

37. သ​ခင်​က​လည်း​ကျွန်ုပ်​အား`သင်​သည်​ငါ​၏​သား အ​တွက် မ​ယား​ကို​ခါ​နာန်​ပြည်​ရှိ​အ​မျိုး​သ​မီး များ​ထဲ​မှ​မ​ရှာ​ရ။-

38. ငါ့​အ​ဖ​အ​မျိုး​သား​များ​ဖြစ်​သော​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍ ငါ့​သား​အ​တွက် မ​ယား​ကို​ရှာ​ရ​မည်' မှာ​ကြား​ပါ​သည်။ ထို​မှာ ကြား​ချက်​ကို​နာ​ခံ​ပါ​မည်​ဟု​ကတိ​သစ္စာ​ခံ​စေ ပါ​သည်။-

39. ထို​အ​ခါ​ကျွန်ုပ်​က`အ​ကယ်​၍​အ​မျိုး​သ​မီး​က ကျွန်ုပ်​နှင့်​မ​လိုက်​လို​ဟု​ဆို​သော်​မည်​သို့​ပြု​လုပ် ရ​ပါ​မည်​နည်း' ဟု​သခင်​အား​မေး​သော်၊-

40. သ​ခင်​က`ငါ​အ​မြဲ​ရို​သေ​နာ​ခံ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင်​နှင့် အ​တူ​စေ​လွှတ်​၍​သင့်​အား​အောင်​မြင်​မှု​ကို​ပေး တော်​မူ​မည်။ သင်​သည်​ငါ​၏​အ​မျိုး​သား​ချင်း ဖြစ်​သော​ငါ့​အ​ဖ​မိ​သား​စု​ထဲ​မှ ငါ့​သား အ​တွက်​မ​ယား​ကို​ရှာ​ယူ​ခဲ့​ရ​မည်။-

41. သင်​ထား​သော​ကတိ​သစ္စာ​ပျက်​ပြယ်​စေ​မည့်​နည်း တစ်​နည်း​သာ​လျှင်​ရှိ​သည်။ သင်​သည်​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍​သူ​တို့​က ငြင်း​ဆို​လျှင် သင်​ထား​သော​က​တိ​သစ္စာ​ပျက် ပြယ်​စေ' ဟု​ဖြေ​ကြား​ပါ​၏။

42. ``ကျွန်ုပ်​သည်​ရေ​တွင်း​သို့​ယ​နေ့​ရောက်​ရှိ​သော အ​ခါ`အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ပြု​လုပ်​ရ မည့်​အ​မှု​ကိစ္စ​ကို​အောင်​မြင်​စေ​တော်​မူ​ပါ။-

43. ယ​ခု​ရေ​တွင်း​သို့​ရောက်​ရှိ​ပါ​ပြီ။ မိန်းမ​ပျို​တစ် ဦး​ရေ​ခပ်​လာ​သော​အ​ခါ​သူ့​အား`ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ' ဟု​တောင်း​ပါ​မည်။-

44. အ​ကယ်​၍​သူ​က`သောက်​ပါ။ သင်​၏​ကု​လား​အုတ် များ​အ​တွက်​ရေ​ကို​ခပ်​ပေး​ပါ​ဦး​မည်' ဟု​ဆို လျှင်​ထို​မိန်း​မ​ပျို​သည်​အ​ကျွန်ုပ်​သ​ခင်​၏​သား အ​တွက်​ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​မ​ယား ဖြစ်​ပါ​စေ​သော' ဟု​ဆု​တောင်း​ပါ​သည်။-

45. စိတ်​ထဲ​၌​ထို​ကဲ့​သို့​ဆု​တောင်း​၍​မ​ပြီး​မီ ရေ​ဗက္က​သည် ပ​ခုံး​ပေါ်​တွင်​ရေ​ခ​ရား​တင်​လျက် ရေ​ခပ်​ရန်​ရေ​တွင်း​သို့​လာ​ပါ​သည်။ ကျွန်ုပ်​က​သူ့ အား`ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ​စေ' ဟု တောင်း​၏။-

46. သူ​သည်​ပ​ခုံး​ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန် ချ​လျက်`သောက်​ပါ၊ သင်​၏​ကု​လား​အုတ်​များ​ကို လည်း​ရေ​တိုက်​ပါ​မည်' ဟု​ဆို​ပါ​သည်။ ထို​ကြောင့် ကျွန်ုပ်​ရေ​သောက်​ရ​ပါ​၏။ သူ​က​ကု​လား​အုတ် များ​ကို​လည်း​ရေ​တိုက်​ပေး​ပါ​၏။-

47. ကျွန်ုပ်​က`သင်​သည်​မည်​သူ​၏​သ​မီး​ဖြစ်​သ​နည်း' ဟု​မေး​သော်​သူ​က`ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သ​မီး​ဖြစ်​ပါ​သည်' ဟု​ဖြေ​ပါ​သည်။ ထို​အ​ခါ​ကျွန်ုပ်​သည်​သူ​၏​နှာ ခေါင်း​တွင်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ လက်​တွင်​လက် ကောက်​များ​ကို​လည်း​ကောင်း​ဝတ်​ဆင်​ပေး​ပါ သည်။-

48. ထို​နောက်​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဦး​ညွှတ်​ရှိ​ခိုး​၍​ကျွန်ုပ်​သ​ခင်​၏​သား​အ​တွက် မ​ယား​ရှိ​ရာ​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ​သော​ကျွန်ုပ် သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီးမွမ်း​ပါ​သည်။-

49. သင်​တို့​သည်​ကျွန်ုပ်​၏​သ​ခင်​အ​တွက်​က​ရု​ဏာ ပြ​တော်​မူ​လျက်​သစ္စာ​ကတိ​အ​တိုင်း​ဆောင်​ရွက် နိုင်​မည်၊ မ​ဆောင်​ရွက်​နိုင်​မည်​ကို​သိ​ပါ​ရ​စေ။ မ​ဆောင်​ရွက်​နိုင်​ဟု​ဆို​လျှင်​လည်း​သိ​ပါ​ရ​စေ။ သို့​မှ​သာ​ကျွန်ုပ်​မည်​ကဲ့​သို့​ဆက်​လက်​ဆောင်​ရွက် ရ​မည်​ကို​ဆုံး​ဖြတ်​နိုင်​ပါ​မည်'' ဟု​ပြော​လေ​၏။

50. လာ​ဗန်​နှင့်​ဗေ​သွေ​လ​တို့​က``ဤ​အ​မှု​ကိစ္စ​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​အ​မှု​ကိစ္စ​ဖြစ်​ခြင်း ကြောင့်​ကျွန်ုပ်​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ရန် မ​လို​ပါ။-

51. သင့်​ရှေ့​တွင်​ရေ​ဗက္က​ရှိ​ပါ​၏။ သူ့​ကို​ခေါ်​ဆောင် သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည်​အ​တိုင်း​သူ့​အား​သင့်​သ​ခင် သား​၏​မ​ယား​အ​ဖြစ်​ခေါ်​ဆောင်​သွား​ပါ လော့'' ဟု​ဖြေ​ကြ​၏။-

ကမ္ဘာ​ဦး 24