3. သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
4. သင်သည်ငါမွေးရာဇာတိပြည်သို့ပြန်သွား၍ ငါ၏အမျိုးသားချင်းတို့ထဲမှငါ၏သား ဣဇာက်အတွက်မယားရှာခဲ့ရမည်'' ဟုဆို လေ၏။
5. ထိုအခါအစေခံက``အမျိုးသမီးသည်သူ၏ အိမ်ရာကိုစွန့်၍ဤပြည်သို့ ကျွန်တော်နှင့်အတူ မလိုက်လိုဟုဆိုလျှင်မည်သို့ပြုလုပ်ရပါမည် နည်း။ ကိုယ်တော်၏သားကိုကိုယ်တော်၏ဇာတိ ပြည်သို့ကျွန်တော်ခေါ်ဆောင်သွားရပါမည် လော'' ဟုမေးလေ၏။
6. အာဗြဟံကလည်း``ထိုပြည်သို့ငါ့သားကို သင်ခေါ်၍မသွားရ။-
7. ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။-