ကမ္ဘာ​ဦး 24:20-32 Common Language Bible (BCL)

20. မိန်း​မ​ပျို​သည်​ခ​ရား​ထဲ​၌​ရှိ​သော​ရေ​ကို​ရေ တိုက်​ခွက်​ထဲ​သို့​ချက်​ချင်း​သွန်​ချ​ပြီး​လျှင် သူ ၏​ကု​လား​အုတ်​အား​လုံး​တို့​ကို​ရေ​တိုက်​ပြီး သည်​အ​ထိ​ရေ​တွင်း​မှ​ရေ​ကို​အ​လျင်​အ​မြန် ခပ်​သယ်​ပေး​သည်။-

21. ထို​အ​စေ​ခံ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​က​သူ့ အား​ထ​မြောက်​အောင်​မြင်​ခွင့်​ပေး​မည်၊ မ​ပေး မည်​ကို​သိ​နိုင်​ရန်​စောင့်​ကြည့်​နေ​လေ​သည်။

22. မိန်း​မ​ပျို​သည်​ကု​လား​အုတ်​များ​ကို​ရေ​တိုက် ပြီး​သော​အ​ခါ ထို​သူ​သည်​အ​ချိန်​ငါး​မူး​ရှိ သော​ရွှေ​နှာ​ဆွဲ​နှင့်​အ​ကျပ်​တစ်​ဆယ်​အ​ချိန် ရှိ​သော​ရွှေ​လက်​ကောက်​တစ်​ရံ​ကို​သူ့​အား​ဝတ် ဆင်​ပေး​ပြီး​လျှင် သင်​သည်​မည်​သူ​၏​သ​မီး ဖြစ်​သည်​ကို​သိ​ပါ​ရ​စေ။-

23. သင်​၏​ဖ​ခင်​အိမ်​တွင်​ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​အ​ဖော် တို့​ည​တည်း​ခို​ရန်​နေ​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး လေ​၏။

24. ``ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ​ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သမီး​ဖြစ်​ပါ​၏။-

25. ကျွန်​မ​တို့​၏​အိမ်​တွင်​တိ​ရစ္ဆာန်​များ​အ​တွက် ကောက်​ရိုး​နှင့်​အ​စာ​များ​စွာ​ရှိ​ပါ​သည်။ သင် တို့​တည်း​ခို​ရန်​နေ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု ဖြေ​ကြား​လေ​သည်။

26. ထို​အ​ခါ​သူ​သည်​ဦး​ညွှတ်​၍​ထာ​ဝ​ရ ဘု​ရား​ကို​ရှိ​ခိုး​လျက်၊-

27. ``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​အား​က​ရု​ဏာ ပြ​တော်​မူ​လျက် သစ္စာ​ကတိ​တော်​အ​တိုင်း​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​အား​သ​ခင်​၏​ဆွေ​မျိုး​များ ထံ​သို့​ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ လေ​ပြီ'' ဟု​မြွက်​ဆို​လေ​၏။

28. မိန်း​မ​ပျို​သည်​လည်း​သူ​၏​မိ​ခင်​နေ​အိမ်​သို့ ပြေး​၍ အ​ကြောင်း​အ​ရာ​အ​ကုန်​အ​စင်​ကို ပြော​ပြ​လေ​၏။-

29. ရေ​ဗက္က​တွင်​လာ​ဗန်​ဟု​နာ​မည်​တွင်​သော​မောင် ရှိ​၏။ သူ​သည်​ထို​သူ​ရှိ​ရာ​ရေ​တွင်း​သို့​ပြေး လေ​၏။-

30. လာ​ဗန်​သည်​နှ​မ​တွင်​နှာ​ဆွဲ​တန်​ဆာ​နှင့်​လက် ကောက်​များ​ဝတ်​ဆင်​ထား​သည်​ကို​မြင်​သည့်​ပြင် ထို​သူ​က​နှ​မ​အား​ပြော​ပြ​သ​မျှ​ကို​လည်း ကြား​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​ရေ​တွင်း​နား​တွင် ကု​လား​အုတ်​တို့​အ​နီး​၌​ရပ်​နေ​သော​အာ​ဗြ ဟံ​၏​အ​စေ​ခံ​ထံ​သို့​သွား​၍၊-

31. ``ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ကောင်း​ချီး​မင်္ဂလာ​ခံ ရ​သော​သူ၊ ကျွန်ုပ်​၏​အိမ်​သို့​ကြွ​ပါ။ ဤ​နေ​ရာ တွင်​အ​ဘယ်​ကြောင့်​ရပ်​နေ​ပါ​သ​နည်း။ ကျွန်ုပ် ၏​အိမ်​တွင်​သင်​တည်း​ခို​ရန်​အ​ခန်း​ကို​အ​သင့် ပြင်​ပြီး​ပါ​ပြီ။ သင်​၏​ကု​လား​အုတ်​များ​နေ စ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု​ခေါ်​ဖိတ်​လေ​သည်။

32. သို့​ဖြစ်​၍​ထို​သူ​သည်​လာ​ဗန်​တို့​၏​အိမ်​သို့​လိုက် ပါ​လာ​၏။ လာ​ဗန်​သည်​ကု​လား​အုတ်​များ​မှ​ဝန် စည်​များ​ကို​ချ​ပြီး​လျှင် တိ​ရစ္ဆာန်​များ​ကို​ကောက် ရိုး​နှင့်​အ​စာ​ကျွေး​လေ​၏။ ထို​နောက်​အာဗြဟံ​၏ အ​စေ​ခံ​နှင့်​သူ​၏​အ​ဖော်​တို့​ခြေ​ဆေး​ရန်​ရေ ကို​လည်း​ယူ​ခဲ့​သည်။-

ကမ္ဘာ​ဦး 24