17. ထိုအစေခံသည်မိန်းမပျိုထံသို့ပြေးသွား လျက်``သင်၏ခရားမှကျေးဇူးပြု၍ရေ တစ်ပေါက်သောက်ရန်ပေးပါ'' ဟုတောင်း လေ၏။
18. မိန်းမပျိုက``အရှင်သောက်ပါ'' ဟုဆို၍ပခုံး ပေါ်မှခရားကိုအလျင်အမြန်ချလျက်သူ့ အားပေးလေသည်။-
19. သူ့အားရေတိုက်ပြီးသောအခါမိန်းမပျိုက``သင် ၏ကုလားအုတ်များရေဝအောင်သောက်နိုင်ရန် ကျွန်မရေခပ်ပေးပါဦးမည်'' ဟုဆိုလေသည်။-
20. မိန်းမပျိုသည်ခရားထဲ၌ရှိသောရေကိုရေ တိုက်ခွက်ထဲသို့ချက်ချင်းသွန်ချပြီးလျှင် သူ ၏ကုလားအုတ်အားလုံးတို့ကိုရေတိုက်ပြီး သည်အထိရေတွင်းမှရေကိုအလျင်အမြန် ခပ်သယ်ပေးသည်။-
21. ထိုအစေခံသည်လည်းထာဝရဘုရားကသူ့ အားထမြောက်အောင်မြင်ခွင့်ပေးမည်၊ မပေး မည်ကိုသိနိုင်ရန်စောင့်ကြည့်နေလေသည်။
22. မိန်းမပျိုသည်ကုလားအုတ်များကိုရေတိုက် ပြီးသောအခါ ထိုသူသည်အချိန်ငါးမူးရှိ သောရွှေနှာဆွဲနှင့်အကျပ်တစ်ဆယ်အချိန် ရှိသောရွှေလက်ကောက်တစ်ရံကိုသူ့အားဝတ် ဆင်ပေးပြီးလျှင် သင်သည်မည်သူ၏သမီး ဖြစ်သည်ကိုသိပါရစေ။-
23. သင်၏ဖခင်အိမ်တွင်ကျွန်ုပ်နှင့်ကျွန်ုပ်၏အဖော် တို့ညတည်းခိုရန်နေရာရှိပါသလော'' ဟုမေး လေ၏။
24. ``ကျွန်မသည်နာခေါ်နှင့်မိလခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါ၏။-
25. ကျွန်မတို့၏အိမ်တွင်တိရစ္ဆာန်များအတွက် ကောက်ရိုးနှင့်အစာများစွာရှိပါသည်။ သင် တို့တည်းခိုရန်နေရာလည်းရှိပါသည်'' ဟု ဖြေကြားလေသည်။
26. ထိုအခါသူသည်ဦးညွှတ်၍ထာဝရ ဘုရားကိုရှိခိုးလျက်၊-
27. ``အကျွန်ုပ်၏သခင်အာဗြဟံအားကရုဏာ ပြတော်မူလျက် သစ္စာကတိတော်အတိုင်းပြု တော်မူသောထာဝရဘုရား၏ကျေးဇူး တော်သည်ကြီးလှပါ၏။ ထာဝရဘုရား သည်အကျွန်ုပ်အားသခင်၏ဆွေမျိုးများ ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူ လေပြီ'' ဟုမြွက်ဆိုလေ၏။
28. မိန်းမပျိုသည်လည်းသူ၏မိခင်နေအိမ်သို့ ပြေး၍ အကြောင်းအရာအကုန်အစင်ကို ပြောပြလေ၏။-
29. ရေဗက္ကတွင်လာဗန်ဟုနာမည်တွင်သောမောင် ရှိ၏။ သူသည်ထိုသူရှိရာရေတွင်းသို့ပြေး လေ၏။-
30. လာဗန်သည်နှမတွင်နှာဆွဲတန်ဆာနှင့်လက် ကောက်များဝတ်ဆင်ထားသည်ကိုမြင်သည့်ပြင် ထိုသူကနှမအားပြောပြသမျှကိုလည်း ကြားရ၏။ သို့ဖြစ်၍သူသည်ရေတွင်းနားတွင် ကုလားအုတ်တို့အနီး၌ရပ်နေသောအာဗြ ဟံ၏အစေခံထံသို့သွား၍၊-