17. ထိုသို့အားဖြင့်မံရေမြို့အရှေ့၊ မပ္ပေလအရပ်တွင်ရှိသောဧဖရုန်ပိုင်မြေကွက်သည်အာဗြဟံပိုင်မြေဖြစ်လာသည်။ သူပိုင်သောမြေကွက်တွင်ဂူနှင့် မြေကွက်ပေါ်တွင်ပေါက်သမျှသောသစ်ပင်များ၊ မြေကွက်အစွန်းတိုင်အောင်ပေါက်သမျှသောသစ်ပင်များပါဝင်လေသည်။-
18. ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။
19. ထိုနောက်အာဗြဟံသည်သူ၏မယားစာရာအလောင်းကိုခါနာန်ပြည်ရှိထိုဂူတွင်သင်္ဂြိုဟ်လေသည်။-