19. ထိုနောက်အာဗြဟံသည်အစေခံတို့ရှိရာသို့ ပြန်လာ၍ သူတို့နှင့်အတူဗေရရှေဘအရပ် သို့ပြန်ခဲ့ကြပြီးနောက်ထိုအရပ်တွင်နေထိုင် လေသည်။
20. မကြာမီအာဗြဟံသည်သူ၏ညီနာခေါ်၏ မယားမိလခါတွင်သားရှစ်ယောက်ထွန်းကား ကြောင်းကြားသိရလေသည်။-
21. သားများမှာသားဦးဟုဇ၊ ဗုဇ၊ အာရံ၏ ဖခင်ကေမွေလ၊-
22. ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်နှင့် ဗေသွေလတို့ဖြစ်ကြ၏။-
23. ဗေသွေလသည်ရေဗက္က၏ဖခင်ဖြစ်၏။ အာဗြဟံ ၏ညီနာခေါ်၏မယားမိလခါသည်ထိုသား ရှစ်ယောက်တို့ကိုဖွားမြင်လေသည်။-
24. နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။