ကမ္ဘာ​ဦး 22:10-22 Common Language Bible (BCL)

10. ထို​နောက်​သား​ကို​သတ်​ရန်​ဋ္ဌား​ကို​ယူ​လိုက်​၏။-

11. ထို​အ​ခိုက်​တွင်​ထာဝရ​ဘုရား​၏​ကောင်း​ကင်​တမန် သည်``အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ'' ဟု​ကောင်းကင်​မှ ခေါ်​လေ​၏။အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင်​ဘု​ရား'' ဟု​ထူး​လေ​၏။

12. ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။

13. ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-

14. အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။

15. ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​အာ​ဗြ​ဟံ​ကို​ဒု​တိ​ယ​အ​ကြိမ် ခေါ်​၍၊-

16. ``ငါ​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​မိန့်​ကြား​နေ​သည်။ ငါ​သည်​သင့်​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး မည်။ သင်​၏​တစ်​ယောက်​တည်း​သော​သား​ကို​ငါ တောင်း​သည့်​အ​တိုင်း​ငြင်း​ဆန်​ခြင်း​မ​ပြု​ဘဲ ပူ​ဇော်​သည့်​အ​မှု​ကြောင့်၊-

17. သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-

18. သင်​သည်​ငါ​၏​အ​မိန့်​ကို​နာ​ခံ​သော​ကြောင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​သည် ကောင်း​ချီး​ခံ​ရ​သည့် နည်း​တူ​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သူ တို့​အား​လည်း ကောင်း​ချီး​ပေး​ရန်​ငါ့​အား​တောင်း လျှောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။-

19. ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​စေ​ခံ​တို့​ရှိ​ရာ​သို့ ပြန်​လာ​၍ သူ​တို့​နှင့်​အ​တူ​ဗေ​ရ​ရှေ​ဘ​အ​ရပ် သို့​ပြန်​ခဲ့​ကြ​ပြီး​နောက်​ထို​အရပ်​တွင်​နေ​ထိုင် လေ​သည်။

20. မ​ကြာ​မီ​အာ​ဗြ​ဟံ​သည်​သူ​၏​ညီ​နာ​ခေါ်​၏ မ​ယား​မိ​လ​ခါ​တွင်​သား​ရှစ်​ယောက်​ထွန်း​ကား ကြောင်း​ကြား​သိ​ရ​လေ​သည်။-

21. သား​များ​မှာ​သား​ဦး​ဟု​ဇ၊ ဗု​ဇ၊ အာ​ရံ​၏ ဖ​ခင်​ကေ​မွေ​လ၊-

22. ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်​နှင့် ဗေ​သွေ​လ​တို့​ဖြစ်​ကြ​၏။-

ကမ္ဘာ​ဦး 22