ကမ္ဘာ​ဦး 21:5-13 Common Language Bible (BCL)

5. ဣ​ဇာက်​ကို​ဖွား​မြင်​သော​အ​ခါ​အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​ပြီ​ဖြစ်​၏။-

6. စာ​ရာ​က​လည်း``ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရယ် စေ​တော်​မူ​ပြီ။ ဤ​သတင်း​ကို​ကြား​ရ​သော​သူ တိုင်း​ငါ​နှင့်​အ​တူ​ရယ်​လိမ့်​မည်'' ဟု​ဆို​လေ​၏။-

7. စာ​ရာ​က​ဆက်​လက်​၍``စာ​ရာ​သည်​သား​ကို​နို့ တိုက်​မည်​ဟု​မည်​သူ​က​အာ​ဗြ​ဟံ​အား​ပြော​မည် နည်း။ ယ​ခု​မူ​ကား​အ​သက်​အ​ရွယ်​ကြီး​ရင့်​သော အ​ချိန်​၌​ငါ​သည်​သူ့​အ​တွက်​သား​ကို​ဖွား​ပြီ'' ဟု​ဆို​လေ​၏။

8. ထို​သူ​ငယ်​သည်​ကြီး​ထွား​လာ​၍​နို့​ခွဲ​သော​နေ့​၌ အာ​ဗြ​ဟံ​သည်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​လေ​၏။

9. တစ်​နေ့​သ​၌​အီ​ဂျစ်​အ​မျိုး​သ​မီး​ဟာ​ဂ​ရ နှင့်​ရ​သော အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​သည် စာ​ရာ​၏​သား​ဣ​ဇာက်​နှင့်​အ​တူ​ကစား​လျက် ရှိ​သည်။-

10. ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​စာရာ​က``ဤ​ကျွန်​မ နှင့်​သူ​၏​သား​ကို​နှင်​ပစ်​ပါ။ ကျွန်​မ​၏​သား​ဣ​ဇာက် ဆက်​ခံ​ရ​မည့်​အ​မွေ​ဥစ္စာ​ကို​ဤ​ကျွန်​မ​၏​သား ပါ​ဝင်​ခံ​စား​ခွင့်​မ​ရှိ​ရ'' ဟု​အာ​ဗြ​ဟံ​အား ပြော​လေ​သည်။

11. ဣ​ရှ​မေ​လ​သည်​မိ​မိ​၏​သား​ဖြစ်​သော​ကြောင့် အာ​ဗြ​ဟံ​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လေ​၏။-

12. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သူ​ငယ်​နှင့် သင်​၏​ကျွန်​မ​ဟာ​ဂ​ရ​အ​တွက်​စိတ်​မ​ချမ်း မ​သာ​မ​ဖြစ်​နှင့်။ ငါ​က​တိ​ထား​သည့်​အ​တိုင်း ဣ​ဇာက်​မှ​သင်​၏​အ​မျိုး​အ​နွယ်​ဆင်း​သက်​မည် ဖြစ်​သော​ကြောင့် စာ​ရာ​ပြော​သ​မျှ​အ​တိုင်း ဆောင်​ရွက်​လော့။-

13. ကျွန်​မ​၏​သား​သည်​လည်း​သင်​၏​သား​ဖြစ်​သော ကြောင့်​သူ​၏​အ​ဆက်​အ​နွယ်​ကို​လည်း​လူ​မျိုး ကြီး​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ကမ္ဘာ​ဦး 21