ကမ္ဘာ​ဦး 21:10-28 Common Language Bible (BCL)

10. ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​စာရာ​က``ဤ​ကျွန်​မ နှင့်​သူ​၏​သား​ကို​နှင်​ပစ်​ပါ။ ကျွန်​မ​၏​သား​ဣ​ဇာက် ဆက်​ခံ​ရ​မည့်​အ​မွေ​ဥစ္စာ​ကို​ဤ​ကျွန်​မ​၏​သား ပါ​ဝင်​ခံ​စား​ခွင့်​မ​ရှိ​ရ'' ဟု​အာ​ဗြ​ဟံ​အား ပြော​လေ​သည်။

11. ဣ​ရှ​မေ​လ​သည်​မိ​မိ​၏​သား​ဖြစ်​သော​ကြောင့် အာ​ဗြ​ဟံ​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လေ​၏။-

12. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သူ​ငယ်​နှင့် သင်​၏​ကျွန်​မ​ဟာ​ဂ​ရ​အ​တွက်​စိတ်​မ​ချမ်း မ​သာ​မ​ဖြစ်​နှင့်။ ငါ​က​တိ​ထား​သည့်​အ​တိုင်း ဣ​ဇာက်​မှ​သင်​၏​အ​မျိုး​အ​နွယ်​ဆင်း​သက်​မည် ဖြစ်​သော​ကြောင့် စာ​ရာ​ပြော​သ​မျှ​အ​တိုင်း ဆောင်​ရွက်​လော့။-

13. ကျွန်​မ​၏​သား​သည်​လည်း​သင်​၏​သား​ဖြစ်​သော ကြောင့်​သူ​၏​အ​ဆက်​အ​နွယ်​ကို​လည်း​လူ​မျိုး ကြီး​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

14. နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် အ​စား​အ​စာ​နှင့်​ရေ​ဘူး​ကို​ဟာ​ဂ​ရ​အား​ပေး လေ​၏။ သူ​ငယ်​ကို​လည်း​ကျွန်​မ​၏​ပ​ခုံး​ပေါ်​တွင် တင်​၍​အိမ်​မှ​ထွက်​ခွာ​သွား​စေ​၏။ ဟာ​ဂ​ရ​သည် လည်း​အိမ်​မှ​ထွက်​ခွာ​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ် သော​တော​ကန္တာ​ရ​သို့​ရောက်​လေ​၏။-

15. ရေ​ဘူး​တွင်​ရေ​ကုန်​သော​အ​ခါ​သူ​သည် က​လေး​ကို​ချုံ​အောက်​၌​ထား​ခဲ့​ပြီး​လျှင်၊-

16. ကိုက်​တစ်​ရာ​ခန့်​အ​ကွာ​သို့​သွား​၍​ထိုင်​၏။ သူ က``သူ​ငယ်​ရေ​ငတ်​၍​သေ​သည်​ကို​ငါ​မ​မြင်​လို'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​မ​သည်​ကျယ်​လောင်​စွာ ငို​လေ​၏။

17. ဘု​ရား​သ​ခင်​သည်​သား​ငယ်​ငို​သံ​ကို​ကြား တော်​မူ​၏။ ထို​ကြောင့်​ဘု​ရား​သခင်​၏​ကောင်း​ကင် တ​မန်​သည်​ကောင်း​ကင်​မှ``ဟာ​ဂ​ရ၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ပူ​ပန်​ရ​သ​နည်း။ မ​စိုး​ရိမ် နှင့်။ ဘု​ရား​သ​ခင်​သည်​သား​၏​ငို​သံ​ကို​ကြား တော်​မူ​ပြီ။-

18. ထ​လော့၊ သွား​၍​သူ​ငယ်​ကို​ပိုက်​ချီ​လော့။ ငါ​သည် သူ​၏​အ​ဆက်​အ​နွယ်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ မည်'' ဟု​ဆို​လေ​၏။-

19. ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဟာ​ဂ​ရ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့်​သူ​သည်​ရေ​တွင်း​ကို​မြင်​ရ လေ​၏။ သူ​သည်​သား​ရေ​ဘူး​တွင်​ရေ​တွင်း​မှ​ရေ နှင့်​ဖြည့်​၍​သား​ငယ်​ကို​ရေ​တိုက်​လေ​သည်။-

20. ဘု​ရား​သ​ခင်​သည်​သူ​ငယ်​နှင့်​အ​တူ​ရှိ​တော် မူ​၏။ သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​၌​နေ​ထိုင်​သ​ဖြင့်​ကျင် လည်​သော​မုဆိုး​ဖြစ်​လာ​သည်။-

21. သူ​သည်​ပါ​ရန်​တော​ကန္တာ​ရ​တွင်​နေ-ထိုင်​လျက် သူ့​မိ​ခင်​သည်​သူ့​အား​အီ​ဂျစ်​အ​မျိုး​သ​မီး တစ်​ဦး​နှင့်​စုံ​ဖက်​ပေး​လေ​၏။

22. ထို​အ​ချိန်​အ​ခါ​အ​ဘိ​မ​လက်​သည်​သူ​၏​စစ်​ဗိုလ် ချုပ်​ဖိ​ကော​လ​နှင့်​အ​တူ​အာ​ဗြ​ဟံ​ထံ​သို့​သွား ၍``သင်​ဆောင်​ရွက်​သ​မျှ​တို့​၌​ဘု​ရား​သ​ခင်​ပါ ရှိ​တော်​မူ​၏။-

23. သို့​ဖြစ်​၍​သင်​သည်​ငါ့​ကို​သော်​လည်း​ကောင်း၊ ငါ ၏​သား​သမီး​နှင့်​အ​ဆက်​အ​နွယ်​များ​ကို​သော် လည်း​ကောင်း​မ​လှည့်​စား​ပါ​ဟူ​၍​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ဆို​ပါ​လော့။ ငါ​သည် သင့်​အား​သစ္စာ​စောင့်​သည့်​နည်း​တူ ငါ့​ကို​သော် လည်း​ကောင်း၊ သင်​မှီ​တင်း​နေ​ထိုင်​ရာ​ဤ​ပြည် ကို​သော်​လည်း​ကောင်း​သစ္စာ​စောင့်​ပါ​မည်​ဟူ​၍ က​တိ​ပြု​လော့'' ဟု​အာ​ဗြ​ဟံ​အား​ဆို​လေ​၏။

24. အာ​ဗြ​ဟံ​က​လည်း``ထို​အ​တိုင်း​ငါ​က​တိ သစ္စာ​ဆို​ပါ​၏'' ဟု​ဆို​၏။

25. အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​၏​ကျွန်​တို့​က အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ​သော​ရေ​တွင်း​အ​ကြောင်း ကို​အ​ဘိ​မ​လက်​အား​တိုင်​ကြား​လေ​၏။-

26. ထို​အ​ခါ​အ​ဘိ​မ​လက်​က``မည်​သူ​ဤ​သို့ ပြု​လုပ်​သည်​ဟူ​၍​ငါ​မ​သိ​ရ။ သင်​က​ငါ့​ကို ယ​ခင်​က​မ​ပြော​သ​ဖြင့် ဤ​ကိစ္စ​အ​ကြောင်း ကို​ယ​ခု​မှ​ငါ​သိ​ရ​သည်'' ဟု​ဆို​လေ​၏။-

27. ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အား သိုး​နှင့်​နွား​တို့​ကို​ပေး​၍​သူ​တို့​နှစ်​ဦး​က​တိ သစ္စာ​ပြု​ကြ​လေ​သည်။-

28. တစ်​ဖန်​အာ​ဗြ​ဟံ​သည်​သူ​၏​သိုး​အုပ်​မှ​သိုး က​လေး​ခု​နစ်​ကောင်​ကို​ခွဲ​ထုတ်​လေ​၏။-

ကမ္ဘာ​ဦး 21