1. ထာဝရဘုရားသည်ကတိတော်ရှိသည်အတိုင်း စာရာကိုကောင်းချီးပေးတော်မူသဖြင့်၊-
2. အာဗြဟံအသက်အရွယ်ကြီးရင့်သည့်အခါ ၌ စာရာသည်ကိုယ်ဝန်ဆောင်၍သားကိုဖွားမြင် လေ၏။ ဘုရားသခင်သတ်မှတ်သောအချိန်၌ ထိုသားကိုဖွားမြင်၏။-
3. အာဗြဟံသည်ထိုသားကိုဣဇာက်ဟုနာမည် မှည့်၍၊-
4. ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်းရှစ်ရက် သားအရွယ်၌အရေဖျားလှီးခြင်းမင်္ဂလာကို စီရင်လေသည်။-
5. ဣဇာက်ကိုဖွားမြင်သောအခါအာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။-
6. စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။-
7. စာရာကဆက်လက်၍``စာရာသည်သားကိုနို့ တိုက်မည်ဟုမည်သူကအာဗြဟံအားပြောမည် နည်း။ ယခုမူကားအသက်အရွယ်ကြီးရင့်သော အချိန်၌ငါသည်သူ့အတွက်သားကိုဖွားပြီ'' ဟုဆိုလေ၏။
8. ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
9. တစ်နေ့သ၌အီဂျစ်အမျိုးသမီးဟာဂရ နှင့်ရသော အာဗြဟံ၏သားဣရှမေလသည် စာရာ၏သားဣဇာက်နှင့်အတူကစားလျက် ရှိသည်။-