ကမ္ဘာ​ဦး 20:9-12 Common Language Bible (BCL)

9. ထို​နောက်​အ​ဘိ​မ​လက်​သည်​အာ​ဗြ​ဟံ​ကို​ခေါ် ၍``သင်​သည် ငါ​တို့​အား​အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ သင့်​ကို​ငါ​ဘယ်​ကဲ့​သို့​ပြစ်​မှား​မိ​ခဲ့​သ​ဖြင့် သင် သည်​ငါ​နှင့်​တ​ကွ​ငါ​၏​နိုင်​ငံ​ကို​ဘေး​ဒုက္ခ​ဆိုက် ရောက်​စေ​ပါ​သ​နည်း။ သင်​သည် ငါ့​အား​မ​ပြု​အပ် သည့်​အ​မှု​ကို​ပြုပါ​သည်​တ​ကား။-

10. အ​ဘယ်​ကြောင့်​သင်​ဤ​သို့​ပြု​ပါ​သ​နည်း'' ဟု မေး​လေ​သည်။

11. အာ​ဗြ​ဟံ​က``ဤ​အ​ရပ်​သား​တို့​သည်​ဘု​ရား သခင်​ကို​ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​သ​ဖြင့် ကျွန်ုပ် ၏​မယား​ကို​သိမ်း​ယူ​ရန်​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့် မည်​ဟု​ထင်​သော​ကြောင့်​ဤ​သို့​ပြု​မိ​ပါ​သည်။-

12. စင်​စစ်​အား​ဖြင့်​သူ​သည်​ကျွန်ုပ်​၏​နှ​မ​ဖြစ်​ပါ​၏။ သူ​သည်​ကျွန်ုပ်​နှင့်​ဖ​အေ​တူ၊ မ​အေ​ကွဲ​နှ​မ​ဖြစ် သည့်​အ​ပြင်​ကျွန်ုပ်​၏​မ​ယား​လည်း​ဖြစ်​ပါ​သည်။-

ကမ္ဘာ​ဦး 20