ကမ္ဘာ​ဦး 2:13-25 Common Language Bible (BCL)

13. ဒု​တိ​ယ​မြစ်​သည်​ကား​ဂိ​ဟုန်​မြစ်​ဖြစ်​၍​ကု​ရှ ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။-

14. တ​တိ​ယ​မြစ်​သည်​ကား​တိ​ဂ​ရစ်​မြစ်​ဖြစ်​၍ အာ​ရှု​ရိ​ပြည်​အ​ရှေ့​ဘက်​မှ​စီး​ဆင်း​၏။ စတုတ္ထ မြစ်​သည်​ကား​ဥ​ဖ​ရတ်​မြစ်​ဖြစ်​၏။

15. ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကို ထွန်​ယက်​စိုက်​ပျိုး​ရန်​နှင့်​စောင့် ရှောက်​ထိန်း​သိမ်း​ရန် လူ​ကို​ထို​ဥ​ယျာဉ်​တွင်​နေ စေ​တော်​မူ​၏။-

16-17. ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``သင်​သည် အ​ကောင်း​နှင့်​အ​ဆိုး​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​စေ သော​အ​ပင်​၏​အ​သီး​မှ​တစ်​ပါး ဥ​ယျာဉ်​ထဲ​၌ ရှိ​သ​မျှ​သော​အ​ပင်​၏​အ​သီး​ကို​စား​နိုင်​၏။ ထို​အ​ပင်​၏​အ​သီး​ကို​ကား​မ​စား​ရ။ စား သော​နေ့​၌​သေ​ရ​မည်'' ဟု​လူ​အား​ပညတ် တော်​မူ​၏။

18. ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​တစ်​ယောက်​တည်း​နေ​ထိုင်​ရန်​မ​သင့်။ သူ့ အား​ကူ​ညီ​ရန် သင့်​တော်​သော​အ​ဖော်​ကို​ငါ ဖန်​ဆင်း​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-

19. ထို​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ကို​ယူ​၍ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​ပြီး​လျှင် အ​သီး​သီး​တို့​အား​နာ​မည် မှည့်​ခေါ်​ရန် လူ​၏​ထံ​သို့​ယူ​ဆောင်​တော်​မူ​ခဲ့​၏။ လူ​က​မှည့်​ခေါ်​သည့်​အ​တိုင်း​နာ​မည်​တွင်​ကြ​၏။-

20. လူ​သည်​တိရစ္ဆာန်​နှင့်​ငှက်​အား​လုံး​တို့​အား​နာ မည်​မှည့်​ခေါ်​သော်​လည်း ၎င်း​တို့​အ​နက်​မှ​လူ ကို​ကူ​ညီ​ရန်​သင့်​တော်​သော​အ​ဖော်​မ​ပေါ် မ​ရှိ။

21. ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​နှစ်​ခြိုက်​စွာ​အိပ်​မော​ကျ​စေ​တော်​မူ​၏။ အိပ်​နေ​စဉ်​နံ​ရိုး​တစ်​ချောင်း​ကို​ထုတ်​ယူ​ပြီး လျှင် အ​သား​ကို​ပြန်​၍​ပိတ်​တော်​မူ​၏။-

22. ထို​နောက်​ထို​နံ​ရိုး​ဖြင့်​မိန်း​မ​ကို​ဖန်​ဆင်း​၍ လူ​၏​ထံ​သို့​ခေါ်​ဆောင်​ခဲ့​တော်​မူ​၏။-

23. လူ​က​လည်း၊``ဤ​သူ​သည်​ငါ့​အ​ရိုး​မှ​အ​ရိုး၊ငါ့​အ​သား​မှ အ​သား​ဖြစ်​၏။သူ့​အား​လူ​ယောကျာ်း​မှ​ထုတ်​ယူ​ရ​သ​ဖြင့် `လူ​မိန်း​မ' ဟု​မှည့်​ခေါ်​ရ​မည်'' ဟု​ဆို​၏။

24. ထို​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိ​ဘ​ကို စွန့်​၍​ဇ​နီး​နှင့်​စုံ​ဖက်​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​တစ်​သွေး​တစ်​သား​တည်း​ဖြစ်​လာ ကြ​၏။

25. ထို​သူ​နှစ်​ဦး​စ​လုံး​တွင်​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​နေ​သော်​လည်း​ရှက်​ကြောက်​ခြင်း​မ​ရှိ။

ကမ္ဘာ​ဦး 2