11. ပထမမြစ်သည်ကားဖိရှုန်မြစ်ဖြစ်၍ ဟာဝိလပြည်ကိုပတ်၍စီးဆင်း၏။-
12. (ဤအရပ်တွင်ရွှေစင်ထွက်၏။ အဖိုးထိုက်တန် သောနံ့သာနှင့်ကျောက်မျက်ရတနာလည်း ထွက်၏။-)
13. ဒုတိယမြစ်သည်ကားဂိဟုန်မြစ်ဖြစ်၍ကုရှ ပြည်ကိုပတ်၍စီးဆင်း၏။-
14. တတိယမြစ်သည်ကားတိဂရစ်မြစ်ဖြစ်၍ အာရှုရိပြည်အရှေ့ဘက်မှစီးဆင်း၏။ စတုတ္ထ မြစ်သည်ကားဥဖရတ်မြစ်ဖြစ်၏။
15. ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။-
16-17. ထာဝရအရှင်ဘုရားသခင်က``သင်သည် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေ သောအပင်၏အသီးမှတစ်ပါး ဥယျာဉ်ထဲ၌ ရှိသမျှသောအပင်၏အသီးကိုစားနိုင်၏။ ထိုအပင်၏အသီးကိုကားမစားရ။ စား သောနေ့၌သေရမည်'' ဟုလူအားပညတ် တော်မူ၏။
18. ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
19. ထိုကြောင့်ထာဝရအရှင်ဘုရားသခင်သည် မြေကိုယူ၍ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကို ဖန်ဆင်းပြီးလျှင် အသီးသီးတို့အားနာမည် မှည့်ခေါ်ရန် လူ၏ထံသို့ယူဆောင်တော်မူခဲ့၏။ လူကမှည့်ခေါ်သည့်အတိုင်းနာမည်တွင်ကြ၏။-
20. လူသည်တိရစ္ဆာန်နှင့်ငှက်အားလုံးတို့အားနာ မည်မှည့်ခေါ်သော်လည်း ၎င်းတို့အနက်မှလူ ကိုကူညီရန်သင့်တော်သောအဖော်မပေါ် မရှိ။
21. ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုနှစ်ခြိုက်စွာအိပ်မောကျစေတော်မူ၏။ အိပ်နေစဉ်နံရိုးတစ်ချောင်းကိုထုတ်ယူပြီး လျှင် အသားကိုပြန်၍ပိတ်တော်မူ၏။-
22. ထိုနောက်ထိုနံရိုးဖြင့်မိန်းမကိုဖန်ဆင်း၍ လူ၏ထံသို့ခေါ်ဆောင်ခဲ့တော်မူ၏။-
23. လူကလည်း၊``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။