31. သမီးအကြီးကသူ၏ညီမအား``ငါတို့၏အဖလည်းအိုပြီ။ ငါတို့မှအမျိုးဆက်ကျန်ရစ်ခဲ့စေရန် ကမ္ဘာမှာငါတို့အားထိမ်းမြားမည့်သူတစ်စုံတစ်ယောက်မျှမရှိ။-
32. သို့ဖြစ်သောကြောင့်ဖခင်ကိုစပျစ်ရည်တိုက်၍မူးယစ်စေပြီးလျှင် သူ၏အမျိုးဆက်မပြတ်စေရန်သူနှင့်အတူအိပ်ကြစို့'' ဟုဆိုလေ၏။-
33. ထိုည၌သူတို့သည်ဖခင်အားစပျစ်ရည်တိုက်၍ သမီးအကြီးသည်ဖခင်နှင့်အိပ်လေ၏။ ဖခင်သည်မူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။
34. နောက်တစ်နေ့၌သမီးအကြီးကညီမအား``ယမန်နေ့ညကငါသည်ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညတွင်သူ့အားတစ်ဖန်မူးယစ်စေ၍ သင်ကလည်းငါကဲ့သို့သူနှင့်ဝင်၍အိပ်လော့။ သို့မှသာလျှင်ငါတို့တစ်ယောက်စီ၌ ဖခင်နှင့်သားသမီးမျိုးဆက်ရမည်'' ဟုဆိုလေ၏။-