ကမ္ဘာ​ဦး 19:18-28 Common Language Bible (BCL)

18. လော​တ​က``ကိုယ်​တော်၊ အ​ကျွန်ုပ်​တို့​တောင်​ပေါ်​သို့​မ​ပြေး​ပါ​ရ​စေ​နှင့်။-

19. ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​သ​ဖြင့် အ​သက်​ချမ်း​သာ​ရာ​ရ​ခဲ့​ပါ​ပြီ။ တောင်​များ​သည်​ခ​ရီး​ဝေး​လှ​ပါ​၏။ တောင်​ပေါ်​သို့​မ​ရောက်​မီ​ဘေး​သင့်​မည်​ဟု​စိုး​ရိမ်​ရ​ပါ​၏။-

20. ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။

21. ကောင်း​ကင်​တ​မန်​က``ကောင်း​ပြီ။ ထို​မြို့​ကို​ငါ​မ​ဖျက်​ဆီး။-

22. မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။လော​တ​သည်​ထို​မြို့​ကို​မြို့​က​လေး​ဟု​ခေါ်​သ​ဖြင့် ဇော​ရ​မြို့​ဟု​နာ​မည်​တွင်​လေ​၏။

23. နေ​ထွက်​ချိန်​၌​ဇော​ရ​မြို့​သို့​လော​တ​ရောက်​ရှိ​လေ​၏။-

24. ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-

25. ထို​မြို့​များ​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ရှိ​လူ​တို့​နှင့်​အ​ပင်​တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​၏။-

26. လော​တ​၏​မ​ယား​က​မူ​နောက်​သို့​လှည့်​ကြည့်​မိ​သ​ဖြင့် ဆား​တိုင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ​သည်။

27. နောက်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ရပ်​ခဲ့​ဖူး​သော​နေ​ရာ​သို့​အ​မြန်​သွား​လေ​၏။-

28. သူ​သည်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​လှမ်း​ကြည့်​လိုက်​ရာ မီး​ဖို​ကြီး​တစ်​ခု​မှ​မီး​ခိုး​တက်​သ​ကဲ့​သို့ မြေ​ပြင်​မှ​အ​ခိုး​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။-

ကမ္ဘာ​ဦး 19