15. နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။-
16. သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
17. ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
18. လောတက``ကိုယ်တော်၊ အကျွန်ုပ်တို့တောင်ပေါ်သို့မပြေးပါရစေနှင့်။-