ကမ္ဘာ​ဦး 18:5-11 Common Language Bible (BCL)

5. အ​ရှင်​တို့​အ​တွက်​စား​စ​ရာ​အ​နည်း​ငယ်​ယူ​ခဲ့ ပါ​မည်။ သို့​မှ​သာ​လျှင်​အား​ပြည့်​လာ​၍​ခ​ရီး ဆက်​နိုင်​ပါ​မည်။ အ​ရှင်​တို့​သည်​အ​ကျွန်ုပ်​အိမ် သို့​ကြွ​ရောက်​လာ​ကြ​ခြင်း​ဖြင့် အ​ကျွန်ုပ်​အား ချီး​မြှင့်​ပါ​ပြီ။ သို့​ဖြစ်​၍​အ​ရှင်​တို့​အား​ဧည့် ဝတ်​ပြု​ပါ​ရ​စေ'' ဟု​ဆို​လေ​၏။ထို​သူ​တို့​က``သင်​ပြော​သည်​အ​တိုင်း​ပြု​ပါ​လေ'' ဟု​ပြန်​ပြော​လေ​၏။

6. အာ​ဗြ​ဟံ​သည်​တဲ​ထဲ​ရှိ​စာ​ရာ​ထံ​သို့​အ​လျင် အ​မြန်​ဝင်​သွား​ပြီး​လျှင်``အ​ကောင်း​ဆုံး​မုန့်​ညက် ကို​ယူ​၍​မုန့်​အ​မြန်​ဖုတ်​ပါ'' ဟု​စေ​ခိုင်း​လေ သည်။-

7. အာ​ဗြ​ဟံ​သည်​နွား​အုပ်​ရှိ​ရာ​သို့​ပြေး​ပြီး​လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး​လျက် ကျွန်​တစ်​ဦး​၏​လက်​သို့​အပ်​၍​ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ​၏။-

8. ထို​နောက်​မ​လိုင်၊ နို့​နှင့်​အ​မဲ​ဟင်း​တို့​ကို​ဧည့်​သည် များ​ရှေ့​၌​တည်​ခင်း​သည်။ သူ​ကိုယ်​တိုင်​ထို​သူ​တို့ အား​သစ်​ပင်​အောက်​တွင်​ဧည့်​ခံ​ကျွေး​မွေး​သ​ဖြင့် သူ​တို့​သည်​စား​သုံး​ကြ​၏။

9. သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။အာ​ဗြ​ဟံ​က``တဲ​ထဲ​မှာ​ရှိ​ပါ​သည်'' ဟု​ပြန် ဖြေ​၏။

10. တစ်​ယောက်​သော​ဧည့်​သည်​က``ယ​ခု​မှ​စ​၍​ကိုး​လ ကြာ​သော​အ​ခါ ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ချိန်​၌ သင်​၏​မ​ယား​စာ​ရာ​၌​သား​ဖွား​လိမ့်​မည်'' ဟု ဆို​လေ​၏။ထို​အ​ချိန်​၌​စာ​ရာ​သည် ထို​သူ​၏​နောက်​ကွယ် တဲ​ဝ​မှာ​နေ​၍ နား​ထောင်​လျက်​ရှိ​၏။-

11. အာ​ဗြ​ဟံ​နှင့်​စာ​ရာ​တို့​သည်​အ​ရွယ်​လွန်​ကြ ပြီ​ဖြစ်​၍ စာ​ရာ​၌​သွေး​ဆုံး​နေ​ပြီ​ဖြစ်​သည်။-

ကမ္ဘာ​ဦး 18