4. ခြေဆေးရန်ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက်တွင်အပန်းဖြေနိုင်ပါသည်။-
5. အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။
6. အာဗြဟံသည်တဲထဲရှိစာရာထံသို့အလျင် အမြန်ဝင်သွားပြီးလျှင်``အကောင်းဆုံးမုန့်ညက် ကိုယူ၍မုန့်အမြန်ဖုတ်ပါ'' ဟုစေခိုင်းလေ သည်။-
7. အာဗြဟံသည်နွားအုပ်ရှိရာသို့ပြေးပြီးလျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေးလျက် ကျွန်တစ်ဦး၏လက်သို့အပ်၍ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ၏။-
8. ထိုနောက်မလိုင်၊ နို့နှင့်အမဲဟင်းတို့ကိုဧည့်သည် များရှေ့၌တည်ခင်းသည်။ သူကိုယ်တိုင်ထိုသူတို့ အားသစ်ပင်အောက်တွင်ဧည့်ခံကျွေးမွေးသဖြင့် သူတို့သည်စားသုံးကြ၏။
9. သူတို့က``သင်၏မယားစာရာအဘယ်မှာရှိ သနည်း'' ဟုမေး၏။အာဗြဟံက``တဲထဲမှာရှိပါသည်'' ဟုပြန် ဖြေ၏။
10. တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။-
11. အာဗြဟံနှင့်စာရာတို့သည်အရွယ်လွန်ကြ ပြီဖြစ်၍ စာရာ၌သွေးဆုံးနေပြီဖြစ်သည်။-
12. သို့ဖြစ်၍စာရာက``ငါသည်အို၍အားအင်ကုန် ခန်းလျက်ရှိပြီ။ ကာမစည်းစိမ်ကိုမည်သို့ခံစား နိုင်မည်နည်း။ ထို့အပြင်ငါ၏ယောကျာ်းသည်လည်း အိုပြီ'' ဟုတွေးတောကာပြုံးရယ်လေ၏။
13. ထိုအခါထာဝရဘုရားက``စာရာသည် ငါဤ မျှလောက်အရွယ်ကြီးရင့်ကာမှ သားသမီးရ နိုင်ဦးမည်လောဟုဆို၍ အဘယ်ကြောင့်ပြုံး ရယ်ရသနည်း။-
14. ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
15. စာရာသည်ကြောက်ရွံ့သဖြင့်``ကျွန်မ၊ မရယ် ပါ'' ဟုဆိုလေ၏။ကိုယ်တော်က``သင်အမှန်ပင်ရယ်သည်'' ဟု မိန့်တော်မူ၏။
16. ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။-
17. ထာဝရဘုရားက``ငါပြုမည့်ကိစ္စကို အာဗြဟံအားအသိမပေးဘဲမဖြစ်နိုင်။-
18. သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
19. သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။