ကမ္ဘာ​ဦး 18:27-33 Common Language Bible (BCL)

27. တစ်​ဖန်​အာ​ဗြ​ဟံ​က``ဘု​ရား​ရှင်​အား အ​တင့် ရဲ​၍​ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​လူ​သား​ဖြစ်​၍ မည်​သို့​မျှ​လျှောက်​ခွင့်​မ​ရှိ​ပါ။-

28. သို့​သော်​အ​ပြစ်​မဲ့​သူ​ငါး​ဆယ်​အ​စား​လေး ဆယ့်​ငါး​ယောက်​မျှ​ရှိ​ကောင်း​ရှိ​ပါ​မည်။ ထို ကဲ့​သို့​ငါး​ယောက်​လို​သော​ကြောင့် ကိုယ်​တော် သည်​တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည်​လော'' ဟု​မေး​လျှောက်​လေ​၏။ထာ​ဝ​ရ​ဘု​ရား​က``အ​ပြစ်​မဲ့​သူ​လေး​ဆယ် ငါး​ယောက်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

29. ``အ​ပြစ်​မဲ့​သူ​လေး​ဆယ်​မျှ​သာ​ရှိ​လျှင် မြို့ ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု​အာ​ဗြ​ဟံ က​ထပ်​၍​မေး​လျှောက်​လေ​၏။ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​လေး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။

30. တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက် ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​ထပ်​၍​လျှောက် တင်​ပါ​ရ​စေ။ အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' မေး​လျှောက် ပြန်​၏။ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။

31. တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​ကျွန်ုပ် အ​တင့်​ရဲ​၍ ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့် လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ​နှစ်​ဆယ်​မျှ​သာ ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု မေး​လျှောက်​ပြန်​၏။ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​နှစ်​ဆယ်​ရှိ​လျှင် မြို့ ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။

32. နောက်​တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တစ် ကြိမ်​သာ​ထပ်​၍​လျှောက်​တင်​ပါ​ရ​စေ။ အ​ပြစ် မဲ့​သူ​ဆယ်​ယောက်​မျှ​သာ​ရှိ​လျှင် မြို့​ကို​ဖျက် ဆီး​ပစ်​ဦး​မည်​လော'' ဟု​လျှောက်​ပြန်​သည်။ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​ဆယ်​ယောက်​ရှိ လျှင် မြို့​ကို​ငါ​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။-

33. ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ​အား​မိန့်​ကြား ပြီး​သော​အ​ခါ ကြွ​သွား​တော်​မူ​၏။ အာ​ဗြ​ဟံ သည်​လည်း​မိ​မိ​နေ​အိမ်​သို့​ပြန်​ခဲ့​လေ​သည်။

ကမ္ဘာ​ဦး 18