9. တစ်ဖန်ဘုရားသခင်က``သင်နှင့်တကွသင် ၏အမျိုးအနွယ်အစဉ်အဆက်တို့ကလည်း ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းရကြမည်။-
10. သင်နှင့်သင်၏အဆက်အနွယ်တို့တွင် ယောကျာ်း တိုင်းအရေဖျားလှီးခြင်းမင်္ဂလာကိုခံရ ကြမည်။-
13. ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။-
14. အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
15. ဘုရားသခင်က``သင်၏မယားကိုစာရဲဟု မခေါ်တော့ဘဲ ယခုမှစ၍သူ၏နာမည်မှာ စာရာဟူ၍ဖြစ်စေရမည်။-
16. ငါသည်သူ့ကိုကောင်းချီးပေးသဖြင့် သင်သည် သူ့အားဖြင့်သားရလိမ့်မည်။ ငါသည်သူ့ကို ကောင်းချီးပေး၍ သူသည်လူအမျိုးမျိုးတို့၏ မိခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့မှ လူအမျိုးမျိုးတို့၏မင်းများပေါ်ထွန်းလာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
17. အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-