2. သင်နှင့်ပဋိညာဉ်ပြု၍ သင်၏အမျိုးအနွယ် ကိုများပြားစေမည်'' ဟုမိန့်တော်မူ၏။-
3. အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊-
4. ``သင်နှင့်ငါပြုမည့်ပဋိညာဉ်မှာဤသို့ဖြစ် ၏။ သင့်အားလူများစွာတို့၏ဖခင်ဖြစ်စေမည်။-
5. ငါသည်သင့်အားလူမျိုးများစွာတို့၏ဖခင် ဖြစ်စေမည်ဖြစ်သောကြောင့် သင်၏နာမည်ကို အာဗြံဟုမခေါ်တော့ဘဲအာဗြဟံဟုခေါ် ရမည်။-
6. ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
7. သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-