ကမ္ဘာ​ဦး 17:16-25 Common Language Bible (BCL)

16. ငါ​သည်​သူ့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​သည် သူ့​အား​ဖြင့်​သား​ရ​လိမ့်​မည်။ ငါ​သည်​သူ့​ကို ကောင်း​ချီး​ပေး​၍ သူ​သည်​လူ​အ​မျိုး​မျိုး​တို့​၏ မိ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​မှ လူ​အ​မျိုး​မျိုး​တို့​၏​မင်း​များ​ပေါ်​ထွန်း​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

17. အာ​ဗြ​ဟံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ အောင်​ပျပ်​ဝပ်​နေ​စဉ်``အ​သက်​တစ်​ရာ​ရှိ​သူ​၌ က​လေး​ရ​နိုင်​ပါ​ဦး​မည်​လော။ အ​သက်​ကိုး ဆယ်​ရှိ​သူ​စာ​ရာ​၌​က​လေး​မွေး​နိုင်​ပါ​ဦး မည်​လော'' ဟု​တွေး​တော​မိ​သ​ဖြင့်​ရယ်​လေ သည်။-

18. ထို​နောက်``ဣ​ရှ​မေ​လ​ကို​အ​ကျွန်ုပ်​၏​အ​မွေ​ခံ ဖြစ်​ပါ​စေ'' ဟု​အာ​ဗြ​ဟံ​လျှောက်​၏။

19. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သို့​မ​ဖြစ်​စေ​ရ။ သင်​၏​မ​ယား​စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​ဣ​ဇာက်​ဟု​မှည့်​ခေါ်​ရ​မည်။ ငါ​သည် သူ​နှင့်​လည်း​ကောင်း၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​နှင့် လည်း​ကောင်း ပြု​သော​ပ​ဋိ​ညာဉ်​ကို​ထာ​ဝ​စဉ် တည်​စေ​မည်။ ထို​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​ရ​ပဋိ ညာဉ်​ဖြစ်​၏။-

20. ဣ​ရှ​မေ​လ​အ​တွက်​သင်​၏​လို​အင်​ဆန္ဒ​ကို​လည်း ငါ​ကြား​ရ​ပြီ။ ထို့​ကြောင့်​ငါ​သည်​သူ့​ကို​ကောင်း ချီး​ပေး​၍ သူ​၌​သား​သ​မီး​များ​စွာ​ထွန်း​ကား စေ​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား စေ​မည်။ သူ​သည်​မင်း​သား​တစ်​ဆယ့်​နှစ်​ပါး​တို့ ၏​ဖ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့ ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။-

21. သို့​ရာ​တွင်​နောင်​နှစ်​ဤ​အ​ချိန်​ခန့်​၌​စာ​ရာ​မွေး ဖွား​မည့် သင်​၏​သား​ဣဇာက်​၌​လည်း​ငါ​၏​ပ​ဋိ​ညာဉ် ကို​တည်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

22. ဘု​ရား​သ​ခင်​သည်​ထို​သို့​မိန့်​မှာ​ပြီး​နောက် အာ​ဗြ​ဟံ​ထံ​မှ​ကြွ​သွား​တော်​မူ​၏။

23. အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို နာ​ခံ​၍ သူ​၏​သား​ဣ​ရှ​မေ​လ၊ အိမ်​၌​ပေါက် ဖွား​သော​ကျေး​ကျွန်​နှင့်​ငွေ​ဝယ်​ကျွန်​များ အ​ပါ​အ​ဝင်​အိမ်​သား​ယောကျာ်း​အ​ပေါင်း​တို့ အား ထို​နေ့​ချင်း​၌​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ပေး​လေ​၏။-

24. အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ချိန် တွင် အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​၍၊-

25. သူ​၏​သား​ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ဆယ့် သုံး​နှစ်​ရှိ​သည်။-

ကမ္ဘာ​ဦး 17