6. အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။
7. ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
8. ``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။
9. ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။-