6. အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။
7. ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
8. ``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။
9. ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။-
10. တစ်ဖန်ထာဝရဘုရား၏ကောင်းကင်တမန် က``သင်၏အမျိုးအနွယ်ကိုမရေမတွက် နိုင်အောင်များပြားစေမည်။-
11. သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
12. သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
13. ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
14. ထိုအကြောင်းကြောင့်ကာဒေရှမြို့နှင့်ဗေရက် မြို့စပ်ကြားရှိရေတွင်းကို``ငါ့ကိုမြင်တော်မူ သည့်အသက်ရှင်တော်မူသောအရှင်၏ရေတွင်း'' ဟုခေါ်တွင်လေသည်။
15. အာဗြံသည်ဟာဂရဖြင့်သားကိုရ၍ သူသည် ထိုသားကိုဣရှမေလဟုနာမည်မှည့်ခေါ်၏။-